MNP ၊ ဧပြီ ၁၇
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့်ဌာနဆိုင်ရာများက မြန်မာနှစ်ဆန်း(၁)ရက်နေ့ ၌ အန္တရာယ်ကင်းပရိတ်တရားတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် လူမှူရေးအဖွဲ့အစည်းများအပါအဝင် မြို့နယ် ထွေ/အုပ်ခန်းမတွင်ယနေ့ နံနက်(၉)နာရီကကျင်းပပြုလုပ်သည်။
အဆိုပါရွတ်ဖတ်ပူဇော်ပွဲသို့ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်နှင့် ပင့်သံဃာ(၆)ပါးစုစုပေါင်း (၇)ပါး ပင့်ဆောင်ကြပြီး မြို့နယ်သံဃာ့နာယက ဆရာတော်ထံမှ ငါးပါးသီလခံယူကြလျက် ဆရာတော်များက နှစ်ဟောင်းကုန်၍ နှစ်သစ်တွင် ဘေးအန္တရာယ်အမျိုးမျိုးမှကင်းလွတ်နိုင်စေရန် အန္တရာယ်ကင်း ပရိတ်တရားတော်မြတ်ကို ရွတ်ဖတ်ပူဇော် ကာ လူပရိတ်သတ်များကနာယူကြပြီး၊လှူဖွယ်ဝတ္ထုပစ္စည်းအသီးသီးကို လှူဒါန်းပေးကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များအား မွန်းတည့်ဆွမ်းဆက်ကပ်လှူဒါန်းကြလျက် ပြုပြုသမျှ ကောင်းမှူကုသိုလ် အစုစုတို့ကိုရေစက်သွန်းချအမျှဝေခဲ့ကြကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment