မော်လမြိုင်မြို့တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်



MNP -ဧပြီ   ၁၇

၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်မင်္ဂလာအချိန်အခါတွင် မြန်မာတစ်နိုင်ငံလုံး၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိကြရာ မွန်ပြည်နယ် မော်လမြိုင်မြို့၌ နှစ်သစ်ကူး ဇီဝိတဒါန စုပေါင်းငါးလွှတ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆိပ်ကမ်းသာဗောတံတား၌ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ဇီဝိတဒါန စုပေါင်းငါးလွတ်ခြင်းကို ဆိပ်ကမ်းသာတံတားတွင် ကျင်းပပြုလုပ်ကြရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ၍ ဆိပ်ကမ်းသာဗောတံတားမှ သံလွင်မြစ်‌ရေပြင်အတွင်းသို့ ငါးမြစ်ချင်းသားပေါက်အကောင်ရေ (၂၀၀၀၀၀)နှစ်သိန်းတို့ကို ဇီဝိတဒါနအဖြစ်တပျော်တပါးကုသိုလ်ပြု လွှတ်ပေးခဲ့ကြကြောင်း သိရှိရသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)