မြန်မာနှစ်ဆန်းတစ်ရက်နေ့အခါသမယတွင် ပြည်မြို့နယ်လုံးဆိုင်ရာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ် ပူဇော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနှစ်ဆန်းတစ်ရက်နေ့အခါသမယတွင် ပြည်မြို့နယ်လုံးဆိုင်ရာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ် ပူဇော်ပွဲကျင်းပ


MNP - ဧပြီ   ၁၇

မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ၂၀၂၂ခုနှစ် ဧပြီ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်လုံးဆိုင်ရာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ကမ်းနားလမ်း ဗဟိုမဏ္ဍပ်၌ ယနေ့နံနက် ၇ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ပြည်မြို့ ဝင်္ဂဘာတောရစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသြဘာသ အရှင်သူမြတ်ထံမှ  ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဝင်္ဂဘာတောရစာသင်တိုက်ဆရာတော်ကြီးအမှူးပြုသော ဩဝါဒါစရိယဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ကြသည်။ ယင်းနောက် ပြည်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဝင်္ဂဘာတောရစာသင်တိုက်ဆရာတော်ကြီးက အနုမောဒနာတရား ချီးမြှင့်မြွက်ကြားကာ လှူဒါန်းမှုအစုစုအတွက် ဝေနေယျသတ္တဝါအပေါင်းတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

သတင်း - ကိုဆက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)