ဟိုပုံးမြို့၌ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပုံးမြို့၌ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်

              

MNP - ဧပြီ    ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သီရိမင်္ဂလာဗိမ္ပာန်တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ရှိခိုးကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဇနီး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့်ဇနီး၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဦးနေမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်အတွင်းရေးမှူး ရဲမှူးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးမှူးအဖွဲ့ အဖွဲ့ဝင်ဦးခွန်ကောင်းချစ်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူး လင်းကျောင်ခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးကိုကိုလင်းတို့က အသက်(၈၀)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား  ဟိုပုံးမြို့ မြို့ဦးရပ်ကွက်(၂၁)ဦး၊ မြို့ဦးကွက်သစ်ရပ်ကွက်(၁၉)ဦး၊ အနောက်ရပ်ကွက် (၂၁)ဦး၊ တောင်ရပ်ကွက်(၃၆)ဦး၊ တုံခမ်းရပ်ကွက်(၁၅)ဦး၊ အရှေ့ရပ်ကွက်(၄)ဦး စုစုပေါင်း (၁၁၆)ဦး တို့အား ထောက်ပံ့ငွေများအသီးသီးပေးအပ်ခဲ့ကြပြီး သက်ကြီးဘိုးဘွား ဦးတင်အေးမောင်မှ ကျေးဇူးစကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လမ်းသွားလမ်းလာပြည်သူများအား  မုန့်လုံးရေပေါ်များ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)