ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် နှစ်သစ်ကူးကောင်းမှု ကုသိုလ်အဖြစ် ပရိတ်တရားတော် နာရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် နှစ်သစ်ကူးကောင်းမှု ကုသိုလ်အဖြစ် ပရိတ်တရားတော် နာရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ



MNP - ဧပြီ    ၁၇

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဒေသစီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ တာသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ ဒေသအဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ၁၃၈၄ ခုနှစ် နှစ်သစ်ကူး ကောင်းမှုကုသိုလ်အဖြစ် ပရိတ်တရားတော်နာရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးဘိုးဘွား များအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ တာသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းသန်းထိုက်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တက်ရောက်လာကြသူများမှ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်ရှိ ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည် ကြပြီး ဆရာတော်ရွတ်ပွားချီးမြှင့် တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထူပစ္စည်းများကို ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုကို ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် မြို့ပေါ်(၆)ရပ်ကွက်၊ ဇယန်း၊ ငွန်ဆိုင်းကျေးရွာများမှ အသက်(၈၀)နှစ်အထက် သက်ကြီး ဘိုးဘွား(၉၆)ဦးတို့အား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာဒေသစီမံအုပ်ချုပ် ရေးဥက္ကဋ္ဌ တာသိန်းဇော်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဘိုးဘွားများအား ရှိခိုးကန်တော့ကြပြီး လှူဒါန်းငွေများနှင့် ကန်တော့ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သက်ကြီးဘိုးဘွားများအား ခြေသည်းလက်သည်းညှပ် ကုသိုလ်ယူခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)