အောင်လံမြို့၌ ၁၃၈၄ ခုနှစ်မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်လံမြို့၌ ၁၃၈၄ ခုနှစ်မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ပွဲကျင်းပ

 


MNP - ဧပြီ    ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ ၁၃၈၄ ခုနှစ်မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ပွဲကို ယနေ့နံနက်(၈)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအသင်း၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူ ရှင်များစုပေါင်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအသင်း၊ မြို့မိမြို့ဖများ၊ စေတနာရှင် အလှူရှင်များက ဘိုးဘွားများအား ပူဇာစပူဇနေယျာနံဧတံမင်္ဂလမုတ္တမံ တည်းဟူသော မင်္ဂလာတရားတော်နှင့်အညီ အောင်လံမြို့နယ်အတွင်းရှိ သက်ရွယ်ကြီးမား ဂုဏ်အင်များနှင့် ပြည့်စုံကုံလုံမြင့်မြတ်ကြသည့်ဘိုးဘွားတို့အား ငါးဖြာအနန္တမခြားစိတ်ဝယ် မှတ်ထင်ဦးညွတ်ကာ ကန်တော့ချိုးဖြင့် ကန်တော့ကြပြီး တာဝန်ရှိသူများက ဘိုးဘွားများအား ကန်တော့ငွေများဖြင့် ကန်တော့ကြကာ ကန်တော့ခံအဘိုး တစ်ဦးမှ ဆုပေးစကားချီးမြှင့်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံသိဋ္ဌတုသုံးကြိမ်းရွတ်ဆို၍ အခမ်းနားရုပ်သိမ်းပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများပေးကာ တက်ရောက်မယူနိုင်သည့် ဘိုးဘွားများအား အိမ်တိုင်ရာရောက် လိုက်လံကန်တော့ခဲ့ကြောင်း သိရသည်။

သတင်း - မျိုးသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)