သဲကုန်းမြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲ ကျင်းပ



MNP - ဧပြီ   ၁၇

၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲကို သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်တို့က အခမ်းအနားသို့ တက်ရောက် လာသော သဲကုန်းမြို့ပေါ်(၄)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား ရှိခိုးပူဇော်ကန်တော့ခဲ့ကြသည်။

သဲကုန်းမြို့နယ်၏ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိမ်း အမှတ်သက်ကြီးပူဇော်ပွဲတွင် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားတစ်ဦးလျှင် နှစ်ဦးပူဇော်ကန်တော့ငွေ တစ်သောင်းကျပ်စီ ပေးအပ်လှူဒါန်းခဲ့ကြကာ သက်ကြီးပူဇော်ပွဲသို့ မတက်ရောက် နိုင်သော ဘိုးဘွားများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက နေအိမ်အရောက် လိုက်လံကန်တော့သွားကြမည်ဖြစ်သည်။ ယင်းသက်ကြီးပူဇော်ပွဲတွင် မြို့ပေါ်(၄) ရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွား(၁၀၃)ဦးအား ပူဇော်ကန်တော့ကြကြောင်း သိရသည်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)