ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မြိတ်မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေမှု ကြည့်ရှုအားပေးပြီး မြိတ်တက္ကသိုလ်ဝန်ထမ်းများအား သွား‌ရောက်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မြိတ်မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေမှု ကြည့်ရှုအားပေးပြီး မြိတ်တက္ကသိုလ်ဝန်ထမ်းများအား သွား‌ရောက်တွေ့ဆုံ

 


MNP - ဧပြီ    ၇

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဆက်လက် ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုခဲ့ကြပြီး မြိတ်တက္ကသိုလ် ဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အထက (၁) စာစစ်ဌာနသို့‌ရောက်ရှိ၍  ပထဝီဝင် ဘာသာရပ်ကို ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနေမှုအား လိုက်လံကြည့်ရှုခဲ့ကြ၍ စာစစ် ဌာနအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အထက(ကျွဲကူး)စာစစ်ဌာနသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြသည်။ မြိတ်မြို့နယ်ရှိ စာစစ်ဌာန(၄)ခုတွင် ဘာသာရပ်ကို ဖြေဆိုစာရင်း (၁၀၂) ဦးရှိပြီး ဖြေဆိုသူ (၉၄) ဦးရှိ၍ ပျက်ကွက်သူ(၈)ဦးရှိကြောင် းပညာရေးမှူးရုံးမှ သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ်တက္ကသိုလ်သို့ရောက်ရှိ၍ သမိုင်းဌာနရှိ မှတ်တမ်း ပြခန်းနှင့် သင်ကြားသင်ယူ စာသင်ခန်းများအား ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ် စာကြည့်တိုက်သို့ သွားရောက်၍ စာကြည့်တိုက်အတွင်း စာဖတ်သူများအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် စာအုပ်စာစောင်များအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထိုနောက် မြိတ်တက္ကသိုလ် အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်း၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ တက္ကသိုလ်များ ပုံမှန်အတိုင်း မေလ (၁၂) ရက်တွင် အတန်းအားလုံး ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကြိုတင်ပြင် ဆောင်ရွက်ထားကြရန်နှင့် လုပ်ငန်း လမ်းညွှန်မှာကြားခဲ့သည်။ ထို့အတူ ဒုတိယဝန်ကြီးသည် ယမန်နေ့က မြိတ်တက္ကသိုလ်၏ ဘာသာရပ်ဌာန ပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်း - ခိုင်ထူး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)