လေးမျက်နှာမြို့နယ်တွင် ကျန်းမာရေးအကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် ကျန်းမာရေးအကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ပြုလုပ်


MNP - ဧပြီ   ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Community Centreခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နေ့လည်ပိုင်း၌ ကျန်းမာရေး အကြောင်း သိကောင်းစရာများ အသိပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။

လေးမျက်နှာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစုစုလှိုင်မှ ကျန်းမာရေးအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ ယခုလက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ကုသရေးနှင့် ကာကွယ်ရေးဟူ၍ အပိုင်း(၂)ပိုင်း ခွဲကာ ကုသရေးပိုင်းတွင် ကုတင်(၂၅)လုံးဆန့် မြို့နယ်ပြည်သူ့ ဆေးရုံ ၁ရုံနှင့် ကုတင်(၁၆)လုံးဆန့် တိုက်နယ် ဆေးရုံ၂ရုံတွင် ဆရာဝန်(၅)ဦးဖြင့် ထိန်းချုပ် ကုသ ပေးလျက်ရှိကြောင်း၊ ကာကွယ်ရေးပိုင်းတွင် ထပ်မံ၍ အပိုင်းနှစ်ပိုင်းခွဲကာ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းအပိုင်းတွင် အသက်အရွယ်အပိုင်းအခြားမရွေး အမျိူးသားရေး တာဝန်တစ်ရပ် အနေဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိပြီး ယခုဧပြီလကုန်တွင် ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး အားထည့်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထု အနေဖြင့် လည်း ကာကွယ်ဆေးထိုးနှံရန် သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများနှင့် ချိတ်ဆက် ဆောင်ရွက် သင့်ကြောင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးမှသာ ရာနှုန်းပြည့် ကာကွယ်နိုင်မည်ဖြစ်ကြောင်းနှင့် ဒုတိယအပိုင်းတွင်လည်း ပြည်သူတစ်ဦးချင်းစီမှ နှာခေါင်းစည်းMaskတပ်ဆင်ရန်၊ ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ သွားလာလှုပ်ရှားဆောင်ရွက်ရန် ကွင်းဆင်းအသိပညာ ပေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ရေးMask Campaignများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်လျက် ရှိကြောင်း ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) များ၊ စာဖတ်ဝိုင်းများ၊ ကျောင်းသား ကျောင်းသူများအတွက် ကဗျာရွတ်အစီအစဉ်၊ ပုံပြောအစီအစဉ်၊ ဆောင်းပါးမိတ်ဆက် အစီ အစဉ်များကို ကိုဗစ်-၁၉ကာလအတွင်း Onlineမှတစ်ဆင့် အပတ်စဉ်ပြုလုပ်ပေးလျက်ရှိပြီး အသိပညာပေး (Talk Show) များ ပြုလုပ်ခြင်းဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ကျော်ဟိန်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)