ရတနာစည်ဆရာတော် (လွိုင်လင်)၏ အန္တိမအဂ္ဂိဈာပန ကျင်းပရေးညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရတနာစည်ဆရာတော် (လွိုင်လင်)၏ အန္တိမအဂ္ဂိဈာပန ကျင်းပရေးညှိနှိုင်းအစည်းအဝေးပြုလုပ်


MNP - ဧပြီ    ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ တပ်ဦးရတနာစည်စာသင်တိုက်၏ ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီလာနန္ဒ(နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်) သက်တော် (၇၇)နှစ်၊ ဝါတော်(၅၇)ဝါသည် ယမန်နေ့ မွန်းလွဲ (၁၂ နာရီ ၂၀ မိနစ်) တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားရာ ဆရာတော်၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော်အား အန္တိမအဂ္ဂိဈာပနာ အခမ်းအနား အောင်မြင်စွာကျင်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကိုယနေ့ နံနက်(၁၀)နာရီက ရတနာစည် စာသင်တိုက်ရှိ ဘာဝနာဆောင်၌ ပြုလုပ်သည်။

ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနာ အခမ်းအနားသဘင် ဆင်ယင်ကျင်းပနိုင်ရေးအစည်းအဝေးသို့ လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ပညာနန္ဒ (နိုင်ငံတော်ဩဝါဒ စရိယ)၊ လွိုင်လင်-ပင်လုံရှိ ကျောင်းတိုက်များမှ ကျောင်းထိုင် ဆရာတော်များ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် လှမိုး၊ ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိများ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းထွဋ်နှင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် တပ်ဦးရတနာ စည်စာသင်တိုက်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီလာနန္ဒ၏ အန္တိမအဂ္ဂိဈာပနာ အခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ(၁)နာရီတွင် ကျင်းမည်ဖြစ်ကြောင်းနှင့် လောင်တိုက် တည်ဆောက်ရေးနှင့်အခြားလိုအပ်သည့် ပစ္စည်းများဝယ်ယူရန် တိုင်းမှူး ဗိုလ်ချုပ်လှမိုး ၊ဒုတိယတိုင်း မှူးတို့က အလှူငွေ ကျပ်သိန်း(၃၀)မတည်လှူဒါန်းရာ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး) နည်းပြဆရာတော် ဘဒ္ဒန္တဝိဇယာနန္ဒက လက်ခံရယူကြောင်းသိရသည်။

သတင်း - လွိုင်လင်မိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)