ကတိုက်ကြီးကျေးရွာတွင် "ဘဝအလင်း" အသိပညာပေးနှင့် လူမှုကယ်ဆယ်ရေးအသင်းမှ ကြီးမှူး၍ အခြေခံရှေးဦးသူနာပြု စုနည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကတိုက်ကြီးကျေးရွာတွင် "ဘဝအလင်း" အသိပညာပေးနှင့် လူမှုကယ်ဆယ်ရေးအသင်းမှ ကြီးမှူး၍ အခြေခံရှေးဦးသူနာပြု စုနည်းသင်တန်းဖွင့်လှစ်



MNP - ဧပြီ   ၂၆

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကြီးကျေးရွာတွင် "ဘဝအလင်း" အသိပညာပေးနှင့် လူမှုကယ်ဆယ်ရေးအသင်းမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျေးရွာနေ လူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။

"အခုက နွေရာသီကျောင်းပိတ်ရက်ဆိုတော့ လူငယ်တွေကို အကျိုးရှိမယ့် တစ်ခုခုလုပ်ပေးချင် တာနဲ့ ဒီသင်တန်းလုပ်ဖြစ်သွားတာပါ၊ ရှေးဦးသူနာပြုစုနည်းကို ဒီလူငယ်တွေတတ်ထားတော့ သူတို့မိသားစုနဲ့ သူတို့ဝန်းကျင်အတွက် ကူညီစောင့်ရှောက်တာတွေ အများကြီးပေးနိုင်မယ်၊ ဒီတော့ကျေးရွာအတွက်လည်း အကျိုးရှိတာပေါ့" ဟု ဘဝအလင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါသင်တန်းသို့ ကတိုက်ကြီးကျေးရွာအတွင်းမှ လူငယ် ၆၀ ဦးခန့် တက်ရောက်ကြလျက် ရှိပြီး သင်တန်းနည်းပြများက ရှေးဦးပြုစုခြင်းအခြေခံသဘောတရားများ၊ လူနာဆန်းစစ်ခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ ဆေးထည့်ခြင်းနှင့် ပတ်တီးစည်းသည့်နည်းလမ်းများ၊ ဒဏ်ရာ အမျိုးမျိုးတို့အတွက် အသက်ကယ်ရှေးဦးပြုစုခြင်းနည်းလမ်းများ၊ လူနာကိုင်တွယ် သယ်ဆောင် နည်းများ၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများစသည်တို့ကို စာတွေ့လက်တွေ့ (၅)ရက်ကြာ အခမဲ့ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုကိုဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)