အမှားကို သိရင် အမှန်ပြင်တယ်၊ စေတနာ ဆိုတာ နားလည်တတ်မှ ကောင်းတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမှားကို သိရင် အမှန်ပြင်တယ်၊ စေတနာ ဆိုတာ နားလည်တတ်မှ ကောင်းတယ်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဒီကနေ့ ၁၃၈၄ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာ နီပိန်း အကြမ်းဖက်သမားတွေ မပါရကောင်းလားလို့ နီပိန်းတွေ မကျေမနပ်ဖြစ်နေတယ်လို့ ပြောသံကြားတယ်။ တကယ်ဆိုရင် ဒါဟာ မဖြစ်သင့်ဘူး။ ဆူပူ၊ အကြမ်းဖက်၊ လုပ်ကြံ သတ်ဖြတ် မှုတွေကို ကိုယ်ကျိုးရှာ နိုင်ငံရေးသမား ပြည်ပြေးတွေ မြှောက်ပေးတိုင်း လုပ်ခဲ့တဲ့ နီပိန်း အကြမ်းဖက်သမားတွေ အနေနဲ့ ကိုယ်လုပ်ချင်တာကို ရူးရူးမိုက်မိုက် လုပ်ခဲ့ပြီးပြီဖြစ်လို့ လွတ်ငြိမ်းချမ်းသာခွင့် မျှော်နေစရာ မလိုဘူး။ နီပိန်းတွေ အနေနဲ့ ကိုယ့်လုပ်ရပ်ကို ပြန်သုံးသပ်ရမှာက ငါတို့ သူတပါးအပေါ် အုပ်စုဖွဲ့ အနိုင်ကျင့် စော်ကား နှိပ်စက် ဖောက်ခွဲ သတ်ဖြတ်မှုတွေ လုပ်ခဲ့တုန်းကလည်း ဘယ်သူ့ကိုမှ သနားညှာတာခြင်း မရှိခဲ့သလို လွတ်ငြိမ်းလည်း မျှော်နေဖို့ မလိုဘူး။


၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ထင်လင်းဦး ဆိုတဲ့  ဘာသာရေးစော်ကားသူကို လွတ်ငြိမ်းပေးပြီး လွှတ်ခဲ့စဉ်ကဆိုရင် အခါကြီးရက်ကြီးလည်း မဟုတ်သလို နေ့ထူးနေ့မြတ်လည်း မဟုတ်ဘူး။ တစ်ယောက်တည်းကို သီးသန့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာ။ ကိုယ့်လူ ကိုယ်လွှတ်တာ။ ဘယ်ပြည်သူ့အပေါ်မှ ထောက်ထားညှာတာခြင်း မရှိဘူး။ ယုတ္တိရှိအောင် အခြားအကျဉ်းသား လေးငါးယောက်တောင် ထည့်ပြီး မလွှတ်ဘူး။ လွှတ်ချင်လို့ကို လွှတ်တာ။ ကိုယ့်လူမို့လို့ ကိုယ်လွှတ်တာဆိုတဲ့ အချိုးမျိုး စပြီး လုပ်ပြသွားတာပဲ။


ထင်လင်းဦးဆိုတာက အထင်ကရ ရဟန်းတစ်ပါးဖြစ်တဲ့ ဦးဝီစာရ မွေးနေ့ပွဲလို အခမ်းအနားမှာ သာကီမျိုးဆိုတာ နှမ-ိုး လို့ မျက်နှာပြောင်တိုက် ရမ်းကားဟောပြောသွားလို့ သာသနာတော်ညှိုးနွမ်းစေမှုနဲ့ ထောင်ကျနေတဲ့သူကိုမှ ရွေးလွတ်ပေးခဲ့တာ NLD အစိုးရလို့ မှတ်ကြပါ။


နှိုင်းယှဉ်ကြည့်ရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တက်လာပြီးချိန်မှာ ဆူပူ၊ အကြမ်းဖက် လှုံ့ဆော်သူတွေရော၊ ဆူပူ အကြမ်းဖက် လုပ်ဆောင်သူတွေရော ထောင်ချီပြီး လွှတ်ပေးခဲ့တယ်။ လွှတ်ပေးလိုက်တဲ့ သူတွေက ခွေးမြှီးကောက် ကျည်တောက်စွပ် ဖြောင့်လည်း ခဏပဲ ဆိုသလို ထွက်လာတုန်းခဏပဲ။ ပြီးတော့ ဆူပူအကြမ်းဖက် လှုံ့ဆော်မှုတွေမှာ ပြန်လည်ပါဝင်လာတယ်။ ဇင်ဝေသော် ဆိုတဲ့ နီပိန်းတစ်ယောက်ဟာ လွတ်ငြိမ်းချမ်းသာနဲ့ လွှတ်ပေးထားသူ ဖြစ်ပါတယ်။ ဒီလူက ဆူပူအကြမ်းဖက် လှုံ့ဆော်မှုတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြန်လည်ရေးသားလှုံ့ဆော်လာခဲ့ပါတယ်။ အထောက်အထားကို သက်ဆိုင်ရာ တာဝန်ရှိသူများကို ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ပြန်လည်ဖမ်းဆီး အရေးယူခြင်း မရှိသေးပါဘူး။


နီပိန်းအများကြီးကို လမ်းပေါ်စွဲထုတ်ခဲ့တဲ့ အနုပညာအသိုင်းက အကြမ်းဖက်လှုံ့ဆော်သူတွေကို ပြန်လွှတ်ပေးတာနဲ့ ပတ်သက်လို့လည်း နစကကို ဝေဖန်ထောက်ပြခဲ့ကြတာတွေ အများကြီးရှိပါတယ်။ ဒါရိုက်တာဝိုင်း၊ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင် တို့လို ပုဂ္ဂိုလ်တွေဟာ နီပိန်းတွေ အများကြီးကို လမ်းပေါ်စွဲတင်ရုံတင် အားမရဘူး။ ဗဟိုဘဏ်ရှေ့မှာ ဝန်ထမ်းတွေကို CDM လုပ်ဖို့ အဓမ္မဖိအားပေးခဲ့တဲ့ အဓိကလှုံ့ဆော်သူများဖြစ်ပါတယ်။ ဒီလိုလူတွေကို နိုင်ငံတော်တည်ဆောက်ရေးမှာ ပူးပေါင်းဆောင်ရွက်နိုင်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ နစက က လွှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ထွက်လာပြီးတာ ကြာပြီ။ လမ်းပေါ်ထွက်ဖို့၊ ဆူပူအကြမ်းဖက်ဖို့၊ CDM လုပ်ဖို့ လှုံ့ဆော်တုန်းက အားကြိုးမာန်တက် လုပ်ခဲ့တဲ့ နီပိန်းကြီးတွေ နစက နဲ့ လက်တွဲပြီး တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်လိုခြင်း ရှိ၊ မရှိ ကို သုံးသပ်မယ်ဆိုရင် ထွက်လာပြီးချိန်မှာ လှုံ့ဆော်ခဲ့တဲ့ အမှားတွေ၊ လမ်းမှားပေါ် ရောက်နေတဲ့ လူငယ်တွေ ဆက်မမှားဖို့ ဘာတစ်ခွန်းမှ ထွက်မလာဘူး။ 


ခံဝန်ရှိနေလို့ ထောင်ထဲ ပြန်ဝင်ရရင် ကျန်နေတဲ့ ပြစ်မှုတွေပါ ခံရမှာ ကြောက်လို့သာ လှုံ့ဆော်မှုတွေ ထပ်မလုပ်တာလို့ သုံးသပ်လို့ ရပါတယ်။ ဒီကာလအတွင်းမှာ ပိုင်တံခွန်က တော်လှန်ရေး မပြီးသေးလို့ ပွဲတက်ဖိတ်ကြားထားတာတွေ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ သဘောသက်ရောက်တဲ့ စာမျိုး ရေးသားထားတာတောင် တွေ့ရပါသေးတယ်။ 


ကျွန်တော်တို့ကတော့ နီပိန်းတွေရဲ့ အစွဲကို တော်ရဲ့ ချွတ်မရဘူးဆိုတာ သိတဲ့အတွက် ဆူပူအကြမ်းဖက်လှုံ့ဆော်သူတွေကိုရော၊ ဆူပူအကြမ်းဖက်လူသတ် လုပ်နေတဲ့ အကြမ်းဖက်သမားတွေကိုရော လွှတ်ပေးတာနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထတန်ပဲ ဝေဖန်ခဲ့ပါတယ်။


နစက အနေနဲ့ကတော့ လက်တွေ့ စမ်းသပ်ကြည့်တဲ့ သဘောလို့ ထင်ပါတယ်။ နီပိန်းတွေက အစွဲမကျွတ်ပါဘူး။ ပေါ်ပေါ်ထင်ထင် လှုံ့ဆော်လို့ မရရင် UG လုပ်ရင်လည်း လုပ်နေကြမှာပါပဲ။ နိုင်ငံတော်တည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်နိုင်ရန် လွှတ်ပေးလိုက်တဲ့ သူတွေကလည်း ပုံစံမလာဘူး။ ဆင်ကန်းတောတိုး ရူးမိုက်နေတဲ့ နီပိန်းအကြမ်းဖက်သမားလေးတွေကို အတိဒုက္ခမရောက်စေချင်လို့ လွှတ်ပေးပြန်တော့လည်း ကားပေါ်ကမှ မဆင်းသေးဘူး။ လက်သုံးချောင်းထောင်ပြီး ဖင်ယား ပြကြသေးတယ်။


အစိုးရအနေနဲ့ ပြည်သူတွေကို သုတေသန လုပ်နေသလားလို့ ထင်မိပါတယ်။ မှိုင်းမိနေတဲ့ နီပိန်းတွေကို ဘယ်လို အစွဲချွတ်မလဲ။ ချွတ်လို့ ရနိုင်ခြင်း ရှိ၊ မရှိ။ တိုင်းပြည် တည်ဆောက်ရေးကို လုပ်ချင်တာလား။ တိုင်းပြည်ကို ဖျက်ဆီးချင်ကြတာလား။ ဒါတွေကို သုတေသန လုပ်နေတဲ့ သဘောရှိပါတယ်။


အဖြေကတော့ နီပိန်းတွေဟာ တိုင်းပြည်တည်ဆောက်ရေးအတွက် အတွေး အမြင်မရှိဘူး။ ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်သူများ သာဖြစ်တယ်ဆိုတဲ့ အဖြေပဲ ရပါလိမ့်မယ်။ 


NLD အစိုးရလက်ထက် ၂၀၁၇ တုန်းက ကျွန်တော်တို့ အကျဉ်းထောင်ထဲမှာ ရှိပါတယ်။ အမျိုးသားရေးလှုပ်ရှားမှုကြောင့် အကျဉ်းကျနေတဲ့ အခြားသော မိတ်ဆွေတွေက လွတ်ကုန်ကြပါပြီ။ ကျွန်တော်နဲ့ ကိုဝင်းကိုကိုလတ် ၂ယောက်ပဲ ကျန်နေတာပါ။ အဲဒီနှစ် သင်္ကြန်ပြီး နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းဆိုတော့ ကျွန်တော်တို့ ပါတယ်လို့ ထောင်ဝန်ထမ်းလေးတွေက ပြောတယ်။ မပါနိုင်ဘူးလို့ ကျွန်တော်တို့က သိတယ်။ NLD သူယုတ်မာတွေ အကြောင်း သိလို့ ကျွန်တော်တို့က မပါဘူးလို့ ပြောတာ။ ဝန်ထမ်းတွေကတော့ အချုပ်ဆောင်က စာရင်းလုပ်တဲ့သူတွေနဲ့ တွေ့လို့ ဘယ်သူဘယ်ဝါပါတယ် ဆိုတာမျိုး သတင်းကြိုထွက်တာပေါ့။ ကျွန်တော်တို့ လွတ်ရက်ကလည်း ၁၅ ရက်လောက်ပဲ လိုတော့တာ ဖြစ်လို့ ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ အကြောင်းမဟုတ်ပါဘူး။ ယုတ်မာကောက်ကျစ်တဲ့နေရာမှာ အလွန်စနစ်တကျ ရှိတဲ့ NLD အစိုးရက လွတ်ငြိမ်းမပေးပါဘူး။ ကျွန်တော်တို့ အနေနဲ့လည်း ကျေးဇူးတင်စရာ မလိုပါဘူး။ ကိုယ့်လွတ်ရက်စေ့မှ ပြန်လွတ်ခဲ့တာပါ။ သဘောကို သိစေရုံမျှ ပြောပြတာပါ။ 


ပြောကြကြေးဆိုရင် အကျဉ်းထောင်ထဲမှာ နစက ရဲ့ လူ တစ်ယောက်မှ မရှိဘူး။ နစက အနေနဲ့ လွှတ်ပေးတဲ့နေရာမှာလည်း သူ့လွှတ်ကို ရွေးလွှတ်ပေးစရာ အကြောင်းမရှိဘူး။ ပြည်သူ ဆိုတဲ့ အမြင်နဲ့ ပြည်သူတွေအပေါ် ညှာတာထောက်ထားခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ လွှတ်ပေးတာပဲ ရှိတယ်။


ဆူပူအကြမ်းဖက်မှုတွေမှာ ပါဝင်တဲ့ နီပိန်းတွေကို လွှတ်ပေးခဲ့တာ (၃)ကြိမ်တိတိ လူထောင်ချီပြီး လွှတ်ပေးခဲ့တာပဲ။ အကြောင်းမထူးဘူး။ တိုင်းပြည်တည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်လာသူလည်း မရှိဘူး။ စေတနာကို နားမလည်တဲ့အပြင် အကြမ်းဖက်လုပ်ရပ်တွေတောင် အရှိန်မြှင့်ပြီး လုပ်ဆောင်လာသေးတယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်နေတယ်။ နီပိန်းတွေကို လွှတ်ပေးခြင်းအားဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် စိတ်မချရဘူး။ ဆူပူ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုတွေ ထပ်တိုးလုပ်ဆောင်လာမှာကို မြင်ရတယ်။ လွှတ်ပေးခဲ့မိတဲ့ အမှားကို သိလို့ အခု လွှတ်မပေးတော့ဘူး။ 


စေနတာနဲ့ ထိုက်တန်တဲ့သူကို စေနတာထားတာ ပိုကောင်းပါတယ်။ နီပိန်း အစွန်းရောက် အကြမ်းဖက်တွေအပေါ် အလွန်အမင်း စေတနားနေမယ့်အစား နီပိန်း အစွန်းရောက် အကြမ်းဖက်တွေကြောင့် မိသားစုဝင်တွေ သေဆုံးခဲ့ရ၊ နေအိမ်၊ စည်းစိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ခြေသလုံးအိမ်တိုင်ဘဝဖြစ်နေတဲ့ ပြည်သူတွေ ထောင်သောင်းချီပြီး ရှိပါတယ်။ ဒီလူတွေဟာ နစက တကယ် စေတနာရှေးရှုပြီး ဆောင်ရွက်ပေးမှသာလျှင် သူတို့ရဲ့ လူမှုစီးပွားဘဝတွေ ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေဟာ နီပိန်း အစွန်းရောက် အကြမ်းဖက်သမားတွေလို သူခိုးကို ဓားရိုးကမ်းမယ့်သူတွေ မဟုတ်ဘူး။ စားပြီး နားမလည် လုပ်မယ့်သူတွေ မဟုတ်ဘူး။ တိုင်းဖျက် ပြည်ဖျက် လုပ်မယ့်သူတွေ မဟုတ်ဘူး။ ဒီလူတွေအပေါ်မှာ နစက ရဲ့ လွန်ကဲတဲ့ စေနတာကို မြင်တွေ့ချင်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)