MNP - ဧပြီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၏ ကျက်သရေဆောင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော် မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက်ရင်ပြင်တော်၌ (၄၅၇)ကြိမ်မြောက် ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီ တည်ထားပူဇော်ပွဲကိုဧပြီ ၁၇ ရက် (မြန်မာ့ နှစ်ဆန်းတစ်ရက်နေ့) နံနက် ၄ နာရီမှ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
သဲပုံစေတီပူဇော်ပွဲအတွက် နံနက် ၄ နာရီမှ စတင်ကာ သဲလုပ်အား ဒါနပြုလိုသူများက သဲများ လာရောက်သယ်ဆောင်နိုင်ပြီး ရှမ်းလေးရွာဖြစ်သည့် ရှမ်းစုကြီး၊ ညောင်တံခါး၊ မူးလမန်း၊ ငါးခမ်း မစမ်းရွာများက ဦးဆောင်ကာ နှစ်စဉ်နှစ်ဦး သဲပုံစေတီ တည်ထားပူဇော်ခဲ့ကြသည်။ နှစ်ဦးသဲပုံ စေတီကို နှစ်ဆန်းတစ်ရက်နေ့မှ ဝါဆိုလအထိ တည်ထားပူဇော်ပြီး ရှမ်းရိုးရာဓလေ့ သဲပုံ စေတီပွဲကို အဆိုပါ ရှမ်းလေးရွာက ဦးဆောင်ကျင်းပရာ ယခုနှစ်တွင် မူးလမန်းကျေးရွာက ရာဇမတ်၊ ငါးခုမ်းမစမ်းကျေးရွာက ဂွေငါးဂွေနှင့်ပိန္နဲတိုင်၊ ညောင်တံခါးကျေးရွာက ခေါင်းလောင်း နှင့် ကြာမှောက်ကြာလန်ဌက်ပျောဖူး၊ ရှမ်းစုကြီးကျေးရွာက ထီးတော်တို့ကို ပြုလုပ်၍ စေတီ တည်ထားကြောင်းနှင့် စေတီ၏ အစိတ်အပိုင်းများကို ကျေးရွာများက နှစ်စဉ်အလှည့်ကျ ဆောင်ရွက်ကြရကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရှမ်းလေးရွာ၏ ရိုးရာမပျက် နှစ်ဦးသဲပုံစေတီပူဇော်ပွဲသည် (၄၅၇) ကြိမ်ရှိလာပြီဖြစ်ကြောင်း ရိုးရာဓလေ့မပျောက်ပျက်စေရန် ယနေ့ လူငယ်များက ဆက်လက်ဆောင်ရွက်နေကြောင်း၊ သဲပုဲစေတီတော်၏ အတိုင်း အတာများကို ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ (တွံတေး) က သတ်မှတ်ပေးထားသည့် အတိုင်းအတာ အကွာအဝေး၊ အနိမ့်အမြင့်ကို ရှမ်းလေးရွာက ပြုလုပ်ရကြောင်း သဲပုံစေတီ၏ ဉာဏ်တော်အမြင့်မှာ ကိုးတောင်ဖြစ်ကြောင်း သဲပုံစေတီပူဇော်ပွဲ ကျင်းပရေး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
နှစ်ဦးသဲပုံစေတီကို နှစ်ဆန်းတစ်ရက်နေ့ နံနက် ၉ နာရီတွင် သံဃာတော်အရှင်သူမြတ် (၁၀)ပါးက ဘုရားအနေဇာတင်ကြကြောင်း သိရသည်။ ညနေပိုင်းတွင် ရှမ်းသက်ကြီးရွယ်အိုများ၏ နေအိမ်သို့ ရှမ်းစာပေအသင်းမှ ဦးဆောင်ကာ (မီးရှူးခံထွတ်ခြင်း) လိုက်လံကန်တော့ကြကြောင်း သိရသည်။
သတင်း - တွံတေးသား
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment