တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေ



MNP -  ဧပြီ    ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် ဆောင်ရွက် ခဲ့သည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် တစ်နှစ်အောက် ကလေးငယ်များအား အသက်အရွယ် အပိုင်းအခြားအလိုက် ပြင်းထန် အဆုတ်ရောင်ရောဂါ၊ ဝက်သက်ဂျိုက်သိုးရောဂါ၊ ပိုလီယိုရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ အသည်းရောင် အသားဝါ(ဘီ)၊ မေးခိုင်အသဲရောင် အသားဝါရောဂါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့သည်။

အဆိုပါ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းကို ဧပြီလ(၂)ရက်နေ့မှ (၄)ရက်နေ့ထိ  ကိုယ်ဝန်ဆောင်မိခင်(၁၁၀)ဦး၊ တစ်နှစ်အောက်ကလေးငယ် (၃၁၈) ဦးတို့အား ထိုးနှံတိုက်ကျွေးပြီးဖြစ်ကြောင်း မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ တာဝန်ခံဆရာမ ဒေါ်ကျင့်လမ်းကျိန်ထံမှ သိရသည်။

သတင်း - ရတနာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)