MNP - ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ စမ်းချောင်းမြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ နွေရာသီတွင် ပန်းချီပညာကို တတ်မြောက်နိုင်စေရန် ရည်ရွယ်၍ နွေရာသီ အခမဲ့သင်တန်းအဖြစ် အခြေခံပန်းချီသင်တန်းကို ဧပြီလ(၃)ရက် နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စမ်းချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စမ်းချောင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်ငြိမ်းချမ်းဝင်းက ပန်းချီသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး သင်တန်းနည်းပြ ပန်းချီဆရာ ဦးမိုးကျော်သန့်က သင်တန်းတွင် သင်ကြားသွားမည့် အခြေခံပန်းချီပညာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စမ်းချောင်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် လူငယ် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ပန်းချီအခြေခံနှင့် လူပုံရေး ဆွဲနည်း၊ ရှုခင်းရေးဆွဲနည်း၊ သရုပ်ဖော်ဒီဇိုင်းနှင့် လက်ရေး၊ အခြေခံမျဉ်းရေးဆွဲနည်းစသည့် ပန်းချီပညာရပ်များကို သင်တန်းသား(၂၀)ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း - ခင်ငြိမ်းချမ်းဝင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment