MNP - ဧပြီ ၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လည် ၁ နာရီအချိန် က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃ ရက်တွင် ကျရောက်မည့် မဟာ င်္ကြန်ပွဲတော်၊ ရခိုင်ရိုးရာ နံသာသွေးပြိုင်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် သင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိနဲ့ စည်ကားသိုက်မြိုက် ပျော်ရွှင်အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဖွဲ့စည်းထားသော ကော်မတီအလိုက် ပူးပေါင်း ဆောင်ရွက်ရေး၊ အခက်အခဲများအား တင်ပြကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်မှ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာကြသော ဌာနဆိုင်ရာများ၊ ပွဲတော်ကျင်းပရေး ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ဆောက်ရွက်ထားရှိသည့် အခြေအနေများ နှင့် ဆက်လက် ဆောင်ရွက်နေသည့် အခြေအနေများအား ဝိုင်းဝန်းဆွေးနွေး တင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - သက်လွင်စို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment