မိုးကြိုးဘေးကြောင့် အသက်သေဆုံးသူ၏ မိသားစုဝင်အား ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကြိုးဘေးကြောင့် အသက်သေဆုံးသူ၏ မိသားစုဝင်အား ထောက်ပံ့ငွေပေးအပ်


MNP - ဧပြီ    ၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ဧပြီလ(၇)ရက်နေ့  ညနေ့ (၄) နာရီခွဲအချိန်ခန့်က နတ်မှော်ကျေးရွာတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်နေစဉ် မိုးကြိုးထိမှန်မှု ကြောင့် အခင်းဖြစ်ရာနေရာ တွင်သေဆုံးသူ၏ မိသားစုဝင်အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။

အဆိုပါ သေဆုံးသူ ဦးလှခိုင်သည် သက္ကောကျေးရွာနေ အကွက်အမှတ်(၃)တွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေ့တွင် ချောင်းဆုံမြို့နယ်၊ နတ်မှော်ကျေးရွာအုပ်စု ကွင်းအမှတ် (၆၁၃) ဦး ပိုင်အမှတ် (၄၂/၁) နတ်မှော်ကွင်းတွင် လယ်ယာလုပ်ကိုင်နေစဉ် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ ကြောင်း သဘာဝဘေးကြောင့် သေဆုံးခဲ့သည့် မိသားစုဝင်အား မြို့နယ်သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ် (၃) သိန်းထောက်ပံ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)