မဟာသင်္ကြန်အကြိုကာလ ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေသူများဖြင့် စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာသင်္ကြန်အကြိုကာလ ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေသူများဖြင့် စည်ကား




MNP - ဧပြီ    ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ နှစ်သစ်ကူး ရုံးပိတ်ရက် မဟာသင်္ကြန်အကြိုကာလတွင် အပမ်းဖြေလာရောက်သူများဖြင့် စည်ကားလျက်ရှိ ကြောင်းသိရသည်။

ချောင်းသာမြို့သို့ မဟာသင်္ကြန်အကြိုကာလတွင် ခရီးသည်ဝင်ရောက်မှု တစ်နေ့တစ်ခြား များပြားလာပြီး နေ့စဉ်ဝင်ရောက်သည့် ယာဉ်အစီးရေ ၃၀၀ ကျော်ခန့်ရှိကြောင်း မြို့အဝင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူများထံက သိရသည်။

ကမ်းခြေသို့ လာရောက်သူများအေးချမ်းပျော်ရွှင်စွာ အနားယူအပမ်းဖြေနိုင်ကြရန်၊ ကမ်းခြေရှိ ဈေးရောင်းချသည့် ဈေးသည်များ သတ်မှတ်နေရာများတွင် စနစ်တကျ ခင်းကျင်းရောင်းချရန်နှင့် စွန့်ပစ်သည့် အမှိုက်များအား စနစ်တကျ စွန့်ပစ်ကြရန်တို့ကို မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင် ဦးဆောင်မှုဖြင့် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့တာဝန်ရှိသူများက ကွင်းဆင်းကြပ်မတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ကျော်ကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)