မဟာသင်္ကြန်ကာလ ချောင်းသာကမ်းခြေ၌ ယခင်ပုံမှန်ရက်များထက် လာရောက်အပန်းဖြေသူ ပိုမိုစည်ကားများပြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာသင်္ကြန်ကာလ ချောင်းသာကမ်းခြေ၌ ယခင်ပုံမှန်ရက်များထက် လာရောက်အပန်းဖြေသူ ပိုမိုစည်ကားများပြား



MNP - ဧပြီ    ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေတွင် နှစ်သစ်ကူးရုံး ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ထားသည့် မဟာသင်္ကြန်ကာလတွင် အပမ်းဖြေလာရောက်သူ ရေကစားသူများဖြင့် ယခင်ပုံမှန်ရက်များထက် ယနေ့နံနက်ပိုင်းက စတင်ပြီး ပိုမိုစည်ကား လျက်ရှိကြောင်း သိရသည်။

“အရင်နေ့တေက ငှားတာတော့ ငှားရပါတယ်၊ ပုံမှန်တော့ မဟုတ်ဘူး၊ ခရီးသည်ကျတဲ့နေ့ဆို နည်းနည်းပိုငှားရတယ်ဗျ၊ ဒီမနက်ပိုင်းကတော့ ရေကူးသူ ရေကစားသူတွေ များလာတော့ ဘောကွင်းတေ လက်မလည်အောင်ငှားရပါတယ်၊ သင်္ကြန်အလုက်ပိတ်ရက်၊ ရုံးပိတ်ရက်ဆိုတော့ နယ်စုံကလာကြတာ ထင်တယ်၊ တစ်နေ့တစ်နေ့ ပိုပိုပြီး လူစည်ကားလာတာကို တွေ့ရကြောင်း” ကမ်းခြေ၌ ရေကူးဘောကွင်း အငှားဝန်ဆောင်မှု လုပ်ကိုင်သူတစ်ဦးထံကသိရသည်။

ကမ်းခြေသို့ လာရောက်သူများ အေးချမ်းပျော်ရွှင်စွာ အနားယူအပမ်းဖြေရန်နှင့် ကမ်းခြေ သာယာလှ ပစေရန်အတွက် မြို့အုပ်ချုပ်ရေးမှူး ရုံးနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ မြို့စည်ပင်သာယာ ရေးအဖွဲ့၊ ပြန်/ဆက်၊ နယ်မြေခံတပ်/ရဲများ၊ မီးသတ်ဝန်ထမ်းများ ပါဝင်သည့် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကမ်းခြေတွင် ဈေးရောင်းချနေကြသော ဈေးသည်များအား ဈေးဆိုင်နေရာများကို သတ်မှတ်နေရာများတွင် စနစ်တကျ ခင်းကျင်း ရောင်းချရန်၊  စွန့်ပစ်သည့် အမှိုက်များအား စနစ်တကျ စွန့်ပစ်ကြရန်နှင့် ကမ်းခြေသို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ နားနေအပမ်းဖြေနိုင်ရန် အတွက်တို့ကို ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ကျော်ကျော် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)