MNP ၊ ဧပြီ ၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊တရားသီးစုရပ်ကွက်၊ ဟိုင်ကာရီကရာတေးဒိုသင်တန်းကွင်းတွင် ယနေ့ညနေ(၁၅၃၀)ချိန်က လူငယ်များကိုယ်ခန္ဓာကြံ့ခိုင်ရေးနှင့်ကျန်းမာသန်စွမ်းစေရေးအတွက် နွေရာသီအခမဲ့ ဟိုင်ကာရီကရာတေးဒိုသင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးဝင်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူးဒေါ်ခင်ယုယုနွယ်က လူငယ်များစိတ်ဓာတ်မြှင့်တင်ရေးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာ ဟိုင်ကာရီကရာတေးဒိုသင်တန်းသားသင်တန်းသူများက ကရာတေးဒိုသရုပ်ဖော်ပြကွက်မျိုးစုံပြသခဲ့ကြသည်။
ဆက်လက်၍ ဟိုင်ကာရီကရာတေးဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်နိုင်ဝင်းက ဟိုင်ကာရီသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြီးသင်တန်းသားသင်တန်းသူ အတွဲလိုက်ကရာတေးဒိုသရုပ်ပြပြိုင်ပွဲကျင်းပခဲ့ကာ ဟိုင်ကာရီအသင်းနာယကဦးကျော်ညွန့်က ကျေးဇူးတင်စကားပြောကြားကာ ဟိုင်ကာရီကရာတေးဒိုအသင်းတည်ထောင်ခဲ့သူ ဦးကျော်ဝင်းအား ခဏတာငြိမ်သက်အလေးပြုကြပြီး"အောင်ရမည်"ဆောင်ပုဒ်အားသံပြိုင်သီကြွေးကာ အခမ်းအနားရုပ်သိမ်းခဲ့ကြသည်။
အဆိုပါကရာတေးဒိုသင်တန်းကို ၂၀၂၂ခုနှစ်မတ်လ(၁)ရက်နေ့မှ ဧပြီ(၉)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ လူငယ်သင်တန်းသားသူများ (၅၂၁)ဦးတက်ရောက်သင်ကြားခဲ့ကြောင်းနှင့် ၎င်းအသင်းအား (၁၉၈၇)ခုနှစ်ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း - ဇူလိုင်ကြယ်
https://t.me/MyanmarNationalPost




No comments:
Post a Comment