MNP - ဧပြီ ၄
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၃၁ ရက်နေ့မှစတင်ပြီး ဖြေဆိုလျက်ရှိရာ ဟင်္သာတမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၅၅)ဦးမှ အေးချမ်းစွာ ဆက်လက်ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို ဟင်္သာတမြို့နယ်အတွင်း စာစစ်ဌာ(၁၃)ခု သတ်မှတ်ထားပြီး စာစစ်ဌာနများတွင် သိပ္ပံ၊ ဝိပ္ပံတွဲ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၆၆၄)ဦးရှိသည့်အနက် ပျက်ကွက် (၅၀)ဦးရှိရာ ဖြေဆိုမှုရာနှုန်း (၉၃.၄၅)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဟင်္သာတမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာ အောင်မြင်ပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ပညာရေးဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ကိုဇော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment