MNP ၊ ဧပြီ ၃၀
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့သန့်ရှင်းသာယာရေးအတွက် ဌာနဆိုင်ရာများ၊ တပ်မတော်သားများပူးပေါင်းကာ ယနေ့နံနက်က နန်းခဲရပ်ကွက်၊ မြသပိတ်ဘုရားလမ်း၊ ခရိုင်ပြည်သူ့ဆေးရုံအရှေ့ လမ်းတစ်လျှောက်၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်တို့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေး ပရဟိတအဖွဲ့များတို့ စုပေါင်းကာ ရပ်ရွာအတွင်းမီးဘေးအန္တရာယ်ကင်းဝေးရေး၊ ပတ်ဝန်းကျင်စိမ်းလမ်းစိုပြေရေး၊ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် မြသပိတ်ဘုရားလမ်း၊ ခရိုင်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်လူနာကုသဆောင်နှင့် ဖျားနာကုသ ဆောင်အရှေ့ အရှည်(၃၀၀၀)ပေခန့်ရှိသည့် ရေနုတ်မြောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းထဲရှိ အမှိုက်သရိုက်များအား ဆယ်ယူခြင်းနှင့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ လမ်းတစ်လျှောက် ခြုံနွယ်များရှင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အင်အား (၄၅၀) ဦးခန့်ဖြင့် တပျော်တပါး ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သတင်း - ကိုကိုဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment