ဘီးလင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သကြားစက် ဝန်ထမ်းအိမ်ယာ ၈ ခန်းတွဲအပေါ် သို့ ပိတောက်ကိုင်း ကျိုးကျ၊ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သကြားစက် ဝန်ထမ်းအိမ်ယာ ၈ ခန်းတွဲအပေါ် သို့ ပိတောက်ကိုင်း ကျိုးကျ၊ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိ





MNP ၊ ဧပြီ ၃၀

သထုံခရိုင် ၊ဘီးလင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘိုးလှကြီးရပ်ကွက်ရှိ သကြားစက် ဝန်ထမ်းအိမ်ယာ ၈ ခန်းတွဲအပေါ် သို့ လုံးပတ် ၃ ပေ အရှည် ၂၅ ပေခန့်ရှိ  ပိတောက်ကိုင်း ကြက်ပေါင်ပဲ့ကျခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ကိုင်းကျိုးကျရာ နေရာသို့ ဘီးလင်းမြို့ နယ် မီးသတ်စခန်း မှ ဦးစီးအရာရှိ ဦးဝေယံအောင် နှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၄ ဦး ၊မီးငြှိမ်းသတ်ယာဉ်တစ်စီး နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးတို့က သစ်ကိုင်းများခုတ်ထွင်းရှင်းလင်းခဲ့ကြသည်။ ယင်းသစ်ကိုင်းကျိုးကျမှုကြောင့် ၈ခန်းတွဲအဆောက်အဦ သွပ်မိုးအနည်းငယ်ပျက်စီးခဲ့ပြီး လူ၊တိရစ္ဆာန်နှင့် ပစ္စည်း ဆုံးရှုံးမှုမရှိကြောင်း သတင်းရရှိသည်။


ထူးနောင် (ဘီးလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)