ပူတာအိုခရိုင်၌ အေရိုးဗစ်နှင့် Physical Fitness Dance သင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပူတာအိုခရိုင်၌ အေရိုးဗစ်နှင့် Physical Fitness Dance သင်တန်းဆင်းပွဲကျင်းပ



MNP - ဧပြီ   ၃၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းမှုဖြင့် လူငယ်လူရွယ်များ နွေရာသီ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချ နိုင်စေရန်နှင့် နိုင်ငံတော်အတွက် ကျန်းမာကြံ့ခိုင်သည့် လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သော အေရိုးဗစ်နှင့် Physical Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရန်အတွက် အစဉ်အမြဲ ကျင့်ကြံ ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် သင်တန်းဆင်းပြီး နောက်တွင်လည်း မိမိ၏ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေးအတွက် ဆက်လက်လေ့ကျင့်ကြရန် လိုအပ်ကြောင်း ပြောကြားပြီး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခိုင်သန်းတိုးက ဆုရွေးချယ်ရေးနှင့်ပတ်သက်ပြီး ညီညာ၍ စည်းချက်ညီမှု၊ အနေအထားညီညာမှု၊ စိတ်ပါဝင်စားမှုရှိခြင်းတို့ကို အကဲဖြတ်ကြည့်ရှုပြီး ရွေးချယ်ဆုပေးရခြင်း ဖြစ်ကြောင်းနှင့် သင်တန်းသား/သူများအနေဖြင့် သင်တန်းဆင်းပြီးရုံနှင့်ပြီးဆုံး နေခြင်းမဟုတ်ပဲ ဆက်လက်၍ အားကစားကို လေ့လာသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းတွင် သင်ယူတတ်မြောက်ပြီးသော Physical Fitness Dance ကကွက်များကို သင်တန်းသူများက အဖွဲ့သုံးဖွဲ့ခွဲကာ တူညီဝတ်စုံများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး သင်တန်းသူများကိုယ်စား မလွင်လွင်ဒွေ့က သင်တန်းဖွင့်လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် သင်တန်းတွင် ပထမဆုရ မမာရီဆိုင်း၊ ဒုတိယဆုရ မဆာမီဒွေ့၊ တတိယဆုရ မဇမီရမ်တို့အား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး ဆုရသင်တန်းသူသုံးဦးက Physical Fitness Dance အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။


အဆိုပါသင်တန်းကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခိုင်သန်းတိုး၏အနီး ကပ်ကြီးကြပ်မှုဖြင့် မြို့နယ်နည်းစနစ်မှူး ဒေါ်အားတာဒွေ့နှင့် နည်းပြများက သင်တန်းသူ စုစုပေါင်း (၂၀)ဦးတို့အား ဧပြီ(၂၀) ရက်မှ(၃၀)ရက် အထိ အခမဲ့သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်း တက်‌ရောက်သည့် သင်တန်းသူများအား အားကစား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ဖုန်ကန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)