ပေကျင်း ၊ ဧပြီ ၇
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်နိုင်ငံ ၊ ဗြိတိန်နိုင်ငံ နှင့် ဩစတြေးလျ နိုင်ငံတို့အား ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်ရေး နှင့် win-win ရလာဒ်များ အတွက် အာရှ-ပစိဖိတ်နိုင်ငံများ၏ ရည်မှန်းချက်ကို မျက်နှာမူရန်၊ စစ်အေးခေတ်စိတ်ဓာတ်နှင့် မည်သူမျှအနိုင်မရသည့်ကစားနည်း(zero-sum) အား စွန့်လွှတ်ကာ ၎င်းတို့၏ အပြည်ပြည်ဆိုင်ရာ တာဝန်ဝတ္တရားများကို တိတိကျကျဖြည့်စွမ်းပြီး ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးအား ပံ့ပိုးပေးနိုင်မည့်အကြောင်းအရာများအား ပိုမိုလုပ်ဆောင်ရန် ဧပြီ ၆ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက AUKUS ဟု ခေါ်ဆိုသည့် အမေရိကန် ၊ ဗြိတိန် နှင့် ဩစတြေးလျနိုင်ငံတို့က ၎င်းတို့၏ သုံးပွင့်ဆိုင်လုံခြုံရေးသဘောတူညီချက်အသစ်အောက်တွင် အသံထက်မြန်သောလက်နက်များ လက်တွေ့လုပ်ဆောင်နေသည့်ဟု ပြောဆိုခဲ့ပြီးနောက် နေ့စဉ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထိုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယူကရိန်းအကျပ်အတည်းအား အမြတ်ထုတ်ကာ အာရှ-ပစိဖိတ်တွင် လုံခြုံရေး နှင့် တည်ငြိမ်ရေး ထိန်းသိမ်းခြင်း အကြောင်းပြချက်ဖြင့် AUKUS သည် အမေရိကန်နိုင်ငံ နှင့် ဗြိတိန်နိုင်ငံတို့က ဩစတြေးလျနိုင်ငံသို့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ ထောက်ပံ့သွားမည် ဖြစ်ကြောင်း နှင့် အသံထက် မြန်သောလက်နက်များကဲ့သို့ အဆင့်မြင့်စစ်ဘက်ဆိုင်ရာနည်းပညာများ ထုတ်လုပ်ရာတွင် သုံးနိုင်ငံက ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူသိများသောပုံစံတစ်မျိုးဖြင့် ကြေညာခဲ့သည်ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။
ယင်းသည် နျူကလီးယား ပြန့်ပွားရေးအန္တရာယ်များကို တိုးလာစေပြီး အပြည်ပြည်ဆိုင်ရာ နျူမပြန့်ပွားရေးစနစ်အား ထိတ်လန့်မှုများ ဖြစ်လာစေရုံသာမက အာရှ-ပစိဖိတ်တွင် လက်နက်ပြိုင်ဆိုင်မှုများ အရှိန်မြှင့်လာစေကာ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို လျော့ပါးစေကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ “ဒေသတွင်းက နိုင်ငံတွေ ပိုမိုပြီးတော့ သတိရှိသင့်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
AUKUS စစ်အေးခေတ်စိတ်နေသဘောထား နှင့် အုပ်စုဖွဲ့နိုင်ငံရေး အတွေးအခေါ်ဟောင်း ဆက်လက် တည်ရှိနေပြီး စစ်ရေး ထိပ်တိုက်ရင်ဆိုင်မှုအား လှုံဆော်ပေးသည့် လှည့်ကွက်ဟောင်း နှင့် စွဲကျန်နေသည့် မီးတောက်အား လောင်စာဆီလောင်းပေးနေသည့် Anglo-Saxon လူမျိုး ဂိုဏ်းတစ်ခု ဖြစ်ကြောင်း ကျောက်လိကျန်းက ထောက်ပြပြောဆိုခဲ့သည်။
“သူတို့ရဲ့ နောက်ဆုံးပန်းတိုင်က အမေရိကန်နိုင်ငံ ဗိုလ်ကျကြီးစိုးမှု နှင့် လုံးလုံးလျားလျား ကိုယ်ကျိုးကြည့်တာကို အသုံးချနိုင်ဖို့ အာရှ-ပစိဖိတ်မှာ NATO ပုံစံတူတစ်ခု တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ အာရှ-ပစိဖိတ်နိုင်ငံတွေက ဒါကိုလက်မခံဘူးဆိုတဲ့အကြောင်း ပြတ်ပြတ်သားသား ပြောကြလိမ့်မယ် သေချာပါတယ်။”ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။
Ref : (ဆင်ဟွာ)
https://t.me/MyanmarNationalPost

No comments:
Post a Comment