ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးကွင်းဆင်းဆောင်ရွက်



MNP - ဧပြီ   ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် Mobile Team အဖွဲ့များဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက် နေပြည်သူများ၊ ကျေးရွာနေပြည်သူများတွင် အသက် ၁၈ ပြည့်ပြီသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြီးအစီးထိုး နှံနိုင်ရေးကို ယနေ့နံနက် ၉  နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် ကျုံစိန်ကျေးရွာအုပ်စုအတွင်းရှိ ရဟန်းသံဃာများနှင့် ပြည်သူများအား တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစည်းရုံး ခေါ်ယူ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ဦးတစ်ယောက် မကျန်ထိုးနှံနိုင်ရေး အတွက်ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသ‌ရေးကော်မတီနှင့်ပူး‌ပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကွင်းဆင်းဆောင် ရွက်လျက် ရှိကြောင်းသိရသည်။

သတင်း - ဟိန်းထက်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)