ရသေ့တောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပန်းချီရေးဆွဲနည်း ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပန်းချီရေးဆွဲနည်း ပြိုင်ပွဲကျင်းပ






MNP -  ဧပြီ    ၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ကလေးစာဖတ်ခန်း၌ ပန်ချီရေးဆွဲနည်းပြိုင်ပွဲအား ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြု လုပ်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ခိုင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ပန်းချီရေးဆွဲ ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြရာ လက်ရာအကောင်းဆုံး ရေးဆွဲနိုင်သည့် အထက.၂ မှမ သွယ်သွယ်ချစ်အား မြို့နယ်ဦးစီးမှူးက အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် ကျောင်းသား/ကျောင်းသူများအား အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ တိုးပွားစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများ အချိန်ကိုအကျိုး ရှိစွာ အသုံးချ ဖြတ်သန်းနိုင်စေရန် ရည်ရွယ်၍ ပန်းချီရေးဆွဲနည်းပြိုင်ပွဲအား ကျင်းပရခြင်းဖြစ် ကြောင်း သိရသည်။

သတင်း - ထွန်းလင်းကျေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)