ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်မ၌ မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီ အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်မ၌ မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီ အစည်းအဝေးကျင်းပ




MNP - ဧပြီ     ၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်မ၌ မြို့နယ်စာရေး ဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ သဘာပတိအိမ်ခေတ်မှူးမှ အဖွင့်အမှာစကားပြောကြားရာ၌ အသင်းသားများအနေဖြင့် ရှေးလုပ်ဆောင်ရ မည့်လုပ်ငန်းစဉ်များကို တိုးတက်အောင်မြင်ဖို့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှ ဆရာမြတ်စိုး (လှိုင်)မှ စာရေးဆရာလို့ ဖြစ်လာရင် မဖြစ်မနေ စာရေးရမည်၊ ကဗျာ၊ ဆောင်းပါး၊ ဆောင်ပုဒ်၊ သုတ၊ ရသ အားလုံးကို ရေးပါ။ စာရေးတယ်ဆိုတာက ကိုယ်သိတဲ့အရာတွေ တစ်ခြားသူကိုမျှဝေပေးခြင်း၊ ကိုယ့်ရဲ့ အတွေ့အကြုံနှင့်အတွေးအကြံကိုရေးပါ။ စာရေးဆရာ တွေရဲ့ ရာသက်ပန်အလုပ်သည် စာရေးတဲ့ အလုပ်ဖြစ်ကြောင်း လမ်းညွှန်မှာစကားပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဦးဇော်ဇော်မြင့်မှ လက်ရှိစာရေးဆရာ အသင်းသည် ဆက်လက်ပြီး ဒီထက် မကောင်မြင်ပါစေကြောင်း ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက နှစ်ပတ်လည် အစီရင်ခံစာနှင့် ဘဏ္ဍာရေး အစီရင်ခံ စာများကိုဖတ်ကြားတင်သွင်း၍ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် လစ်လပ်လျက်ရှိသော မြို့နယ်အမှုဆောင်တစ်ဦးကို ရွေးချယ်တင်မြောက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲအား ပြသဆောင်ရွက် ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှ ဆရာမြတ်စိုး (လှိုင်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဦးဇော်ဇော်မြင့်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး)၊ ဒေါ်သိန်းသိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ အိမ်ခေတ်မှူးနှင့် စာရေးဆရာအဖွဲ့ဝင်များတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - သိန်းသိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)