ညောင်ဦးခရိုင်အတွင်း မြို့နယ်များနှစ်ရှည်ပင် လျှော်ဖြူစိုက်ပျိုးမှုများလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးခရိုင်အတွင်း မြို့နယ်များနှစ်ရှည်ပင် လျှော်ဖြူစိုက်ပျိုးမှုများလာ




MNP -  ဧပြီ    ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ကျေးလက်တောင်သူများ နှစ်ရှည်ပင်ဖြစ်သည့် လျှော်ဖြူပင်စိုက်ပျိုးမှုများလာကြောင်း ငါ့သရောက်မြို့ လျှော်ဖြူ ၁၁ဧကစိုက်ပျိုးထားသည့် ဦးအောင်ဆန်းထံမှ သိရသည်။

ညောင်ဦးခရိုင်အတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့ ၊ပုဂံမြို့တို့ရှိ ကျေးလက်တောင်သူများလျှော်ဖြူ စိုက်ပျိုးမှုများလာပြီး နှစ်ရှည်ပင်ဖြစ်သည့် လျှော်ဖြူစိုက်ပျိုးရန် တစ်ပင်နှင့်တပင် ဆယ်ပေခြားဖြင့် တစ်ပေပတ်လည်ကျင်းများတူးကာ မြေဆွေးထည့်နှပ်ထားရကြောင်း၊ မိုးကျချိန်တွင် လျှော်ဖြူပင်များ စိုက်ပျိုးကြကြောင်း သိရသည်။ လျှော်ဖြူပင်သည် အပင်ကြီးမျိုးဖြစ်ပြီး ဥပါသည့်အတွက် စိုက်ပြီးချိန်ရာသီဥတုဒဏ် ခံနိုင်ကြောင်း၊ အပင်ကြီးထွားချိန် အစေးထုတ်ရန် လျှော်ဖြူအစေးထုတ်ကျွမ်းကျင်သူခေါ်၍ လုပ်ကိုင်ပုံသင်ယူရကြောင်းသိရသည်။ မိုးရာသီမှာပင် မိုးရွာသွန်းမှုနည်းခြင်းများကြောင့် တောင်သူများစိုက်ပျိုးထားသည့် ကောက်ပဲသီးနှံ များပျက်စီးမှုကြောင့် ကျေးလက်တောင်သူများ နှစ်ရှည်ပင် စိုက်ပျိုးမှုများလာခဲ့ကြောင်းသိရကာ လျှော်ဖြူစိုက်ပျိုးမှုများလာခဲ့ကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာမှ လျှော်ဖြူသုံးဧကစိုက်ပျိုးထားသည့် ဦးတင်ထွန်း အောင်ကရှင်းပြသည်။ ညောင်ဦးမြို့၊ ငါ့သရောက်မြို့၊ ပုဂံမြို့တို့ရှိ ကျေးလက်တောင်သူများ  စိုက်ပျိုးရေးအတွက် မိုးရာသီ မိုးရေသာ မှီခိုအားထားစိုက်ပျိုးရခြင်းကြောင့် နှစ်ရှည်ပင်ဖြစ်သည့် လျှော်ဖြူစိုက်ပျိုးမှု များလာခဲ့ကြောင်းလည်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)