ကျောက်တော်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ (စတုတ္ထနေ့) ဓာတုဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၃၆၄၉) ဦး ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ (စတုတ္ထနေ့) ဓာတုဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၃၆၄၉) ဦး ဝင်ရောက်ဖြေဆို

 


MNP - ဧပြီ    ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၂၂ ခုနှစ် မတ်လ (၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့ အထိ စာစစ်ဌာန(၁၀)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲကို စတင်ဖြေဆိုလျက်ရှိရာ (စတုတ္ထနေ့) ဓာတုဗေဒဘာရပ် ကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်ကာ သက်ဆိုင်ရာစာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူ (၃၆၄၉)ဦးမှ ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျောက်တော်မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးလျက်ရှိရာ သက်ဆိုင်ရာ စာစစ်ဌာန များဖြစ်သည့် အ-ထ-က ကျောက်တော်၊ အ-ထ-က(မြို့မ) ၊ အ-ထ-က(ခွဲ) ၊ အ-ထ-က (ညောင် ပင်လှ)၊ အ-ထ-က(ရွှေပြည်) ၊ အ-ထ-က(အပေါက်ဝ) ၊ အ-ထ-က(ဒုက္ကန်ချောင်း)၊အ-ထ-က (ကန် စောက်)၊ အ-ထ-က(သရက်တပင်)နှင့်အ-ထ-က(ခွဲ)ကျားနင်းကန် စသော စာစစ်ဌာနများတွင် နံနက် ၉ နာရီ အချိန်မှ ၁၂ နာရီအချိန်ထိ ၃ နာရီကြာ မေးခွန်းလွှာများကို သက်ဆိုင်ရာ စာစစ်ဌာနများတွင် စစ်ဆေး လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ကျကြီးကြပ်ရေးမှူးများနှင့် ဆရာ၊ ဆရာမများမှ စနစ်တကျ ကြီးကြပ် စီစဉ်ဆောင်ရွက် လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲကို စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ ကျောက်တော်မြို့နယ်အတွင်းရှိ  စာစစ်ဌာနများတွင် ယနေ့ ဓာတုဗေဒဘာသာရပ်အား ဝင်ရောက် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ(၃၉၄၁)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၅၃၉)ဦး၊ ကျောင်းသူ(၂၁၁၀)ဦး ဝင်ရောက်ဖြေဆိုရာ စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ပေါင်း (၃၆၄၉)ဦးရှိရာ ဓာတုဗေဒဘာသာရပ်အား ဖြေဆိုရန်ပျက်ကွက်သူ ကျား(၁၅၉)ဦးနှင့် မ(၁၃၃)ဦး၊ စုစုပေါင်းဖြေဆိုရန် ပျက်ကွက်သူ (၂၉၂)ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ရာခိုင်နှုန်းမှာ(၇.၄၂) ရာခိုင်နှုန်းဖြစ်ပြီး ဓာတုဗေဒဘာသာရပ်ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၂.၅၉)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - ခင်မောင်ထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)