MNP - ဧပြီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင်၂၀၂၂-၂၀၂၃ခုနှစ်၊ ဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လအထိ) ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီခွဲအချိန်က မိုင်းရှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်က အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်နန်းခမ်းနွဲ့က ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံကိန်းရေး ဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်နှင့် ကော်မဝင်များက ၂၀၂၂-၂၀၂၃ခုနှစ်၊ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနအလိုက် အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment