MNP ၊ ဧပြီ ၁၁
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင်နွေရာသီရေပြတ်လပ်မှုမရှိစေရေးအတွက်ရေရှားပါးသောရပ်ကွက်များသို့ သန့်ရှင်းသောသောက်သုံးရေရရှိစေရေးအတွက် ယမန် နေ့ ညနေ ပိုင်းက ကျိုက်ထိုမြို့နယ်မီးသတ် ဦးစီးဌာနမှ သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်အတွင်း တောင်ပိုင်းရပ်ကွက် ရှိ အချို့သော သောက်သုံး ရေတွင်းများ၊ရေကန်များ တွင် နွေရာသီ ပူပြင်းသော အပူချိန်ကြောင့် ရေများခန်းခြောက်စပြုလာ၍ ပြည်သူများအနေဖြင့် သောက်ရေ အခက်အခဲ များဖြစ်ပေါ်နေခြင်းကြောင့်မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေး နှင့် တပ်ဖွဲ့ဝင်များက မီးသတ်ရေသည်ယာဉ်ဖြင့် ရေဂါလံ(၁၆၀၀)ကို ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
သတင်း - သန်းသန်းမော်(ကျိုက်ထို)
https://t.me/MyanmarNationalPost




No comments:
Post a Comment