MNP ၊ ဧပြီ ၁၉
မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ အေးမြခိုင်ဈေးတွင် ယနေ့၊ နံနက်က ဈေးရောင်းဈေးဝယ်များနှင့် ရပ်ကွက်နေပြည်သူများတို့အား အသည်းရောင်အသားဝါ(ဘီ)နှင့်(စီ)ရောဂါပိုးရှိမရှိ အခမဲ့စစ်ဆေးပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များတို့ပူးပေါင်းကာ အေးမြခိုင်ဈေးမှ ဈေးရောင်းဈေးဝယ်သူများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၆၆ ဦးတို့အား စစ်ဆေးပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် အသည်းရောင်အသားဝါ(ဘီ)နှင်(စီ)ရောဂါပိုးရှိမရှိ အခမဲ့စစ်ဆေးပေးခြင်းကို ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ ဒေသခံပြည်သူ စုစုပေါင်း ၃၀၀ ခန့်အားစစ်ဆေးပြီးဖြစ်ကြောင်း ပြည်သူ စုစုပေါင်း ၁၀၀၀ ဦးခန့်အား စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သတင်း - ကိုကိုဦး
https://t.me/MyanmarNationalPost



No comments:
Post a Comment