ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အင်္ဂလိပ်စာအခြေခံ သင်တန်း (အခမဲ့) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အင်္ဂလိပ်စာအခြေခံ သင်တန်း (အခမဲ့) ဖွင့်လှစ်



MNP - ဧပြီ   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ် သည့် အင်္ဂလိပ်စာ အခြေခံသင်တန်း (အခမဲ့) ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက မိမိတို့မြို့နယ်အတွင်း ယခုလို အင်္ဂလိပ်စာ အခြေခံသင်တန်းကို အခမဲ့ဖွင့်လှစ်ပေးသည့်အတွက် များစွာဝမ်းသာမိပါကြောင်းနှင့် သင်တန်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ အနေဖြင့်လည်း အင်္ဂလိပ်စာ အခြေခံ ကို ကြိုးစားသင်ယူကြစေလိုကြောင်း အဖွင့်အမှာစကား‌ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကျော်စိုးလှိုင်က အမှာစကားပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၅)ဦး တက်ရောက်ပြီး Grammar (4Skills)၊ General Knowledge (Animal, Vegetable, Foods, Colour) စသည့် အင်္ဂလိပ်စာ အခြေခံများကို ဧပြီလ ၂၅ ရက်နေ့မှ မေလ ၂၄ ရက်နေ့အထိ (၁)ကြာ သင်ကြားပို့ချပေးမည်ဖြစ် ကြောင်း သိရသည်။

သတင်း - ထက်ဝေဖြိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)