တနိုင်းမြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် နွေရာသီအခြေခံ အင်္ဂလိပ်သင်တန်း (အခမဲ့)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနိုင်းမြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် နွေရာသီအခြေခံ အင်္ဂလိပ်သင်တန်း (အခမဲ့)ဖွင့်လှစ်



MNP - ဧပြီ   ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် အင်္ဂလိပ်စာသင်တန်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝါဦးက နွေရာသီကျောင်းပိတ်ရက်ရှည်များတွင် ကလေးများအတွက် အကျိုးရှိမည့် အသိပညာ၊ အတတ်ပညာများ သင်ကြားတတ်မြောက်သွားစေရန်အတွက် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အင်္ဂလိပ်စာပညာကို အခြေခံတတ်မြောက်စေရန်နှင့် အားလပ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြ အ.ထ.က-(၂) ဆရာ ဦးသက်နိုင်ထွန်းမှ အဖွင့်မုဒိတာအမှာစကား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ကလေး (၂၀)ဦး တက်ရောက်နေပြီး နေ့စဉ်တနင်္လာ‌နေ့မှ သောကြာနေ့ထိ ဖွင့်လှစ်ပြီး သင်တန်းကာလမှာ ဧပြီလ (၂၅)ရက်နေ့မှ မေလ (၃၁)ရက်နေ့ထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဝါဝါ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)