ဂွမြို့နယ်တွင် Mobile Team ဖြင့် ကွင်းဆင်း၍ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် Mobile Team ဖြင့် ကွင်းဆင်း၍ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ





MNP ၊ ဧပြီ  ၂၆

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့်သူများနှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံရမည့်သူအား Mobile Team ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဧပြီလ ၂၅ရက်နေ့က  ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် တင်းတောကျေးရွာ၊ ဇီးခုံကျေးရွာ၊ သဲကုန်းကျေးရွာတို့ရှိ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့်သူများနှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံရမည့်သူအား  Covaxinဆေးကို Phase-9 (ပထမအကြိမ်)တွင်  (၄၄)ဦးအား လည်း ကောင်း ၊ Phase-7နှင့် Phase-8 (ဒုတိယအကြိမ်)တွင် (၁၂၁)ဦးအား လည်းကောင်း ထိုးနှံပေးခဲ့ ကြောင်းသိရသည်။        

ထိုသို့ထိုးနှံပေးရာတွင် ကျန်းမာရေးဦးစီးဌာန မှဝန်ထမ်းများ ၊ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ လူမှုရေးအသင်းအဖွဲ့ ဝင်များမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)