၂၀၁၂ခုနှစ်စ၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့် ဧရိယာ ဧက(၂၂)သိန်းကျော် ချထားပေးခဲ့သော်လည်း လက်တွေ့အသုံးချလုပ်ကိုင်နိုင်မှုမှာ (၂၉)ရာခိုင်နှုန်းခန့်သာ ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၁၂ခုနှစ်စ၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့် ဧရိယာ ဧက(၂၂)သိန်းကျော် ချထားပေးခဲ့သော်လည်း လက်တွေ့အသုံးချလုပ်ကိုင်နိုင်မှုမှာ (၂၉)ရာခိုင်နှုန်းခန့်သာ ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ပြောကြား


MNP ၊ ဧပြီ ၂၆

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကိုယနေ့နံနက်ပိုင်းက  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီဝင်များ စုံညီစွာ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ၏ “တိုးချဲ့မြို့ပြ စီမံကိန်းများ၊ စီးပွားရေးအထူးဇုန်များ၊ စက်မှုဇုန်များကို စိုက်ပျိုးမြေများတွင် ဆောင်ရွက်ခြင်းမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် စိုက်ပျိုးမြေများအား အခြားနည်းလမ်းများဖြင့် အသုံးမပြုနိုင်စေရန် ကြပ်မတ်ဆောင်ရွက်ရန်” ဟူသည့် လမ်းညွှန်ချက်နှင့်  မြို့ပြစီမံကိန်းနှင့် အိုးအိမ်စီမံ ကိန်း များဖော်ဆောင်ရန် ရယူထားသော စီမံကိန်းမြေများအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြုနိုင်ပါက မြေကိုအကျိုးရှိစွာ အသုံးချ၍ စိုက်ပျိုးရေး၊ မွေးမြူ‌ရေးလုပ်ငန်းများ လုပ်ဆောင်သွားရန်” လမ်းညွှန်ချက် များနှင့်အညီ မြေယာစီမံခန့်ခွဲမှုလုပ်ငန်းများကို စီမံဆောင်ရွက်လျက် ရှိကြောင်း။

အလားတူ ဒေသဝမ်းစာ ဖူလုံရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများ ကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးအတွက်ကိုလည်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ ဖော်ထုတ် အသုံးပြုနိုင်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း။

၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေမတိုင်မီကာလအထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့် ဧရိယာ ဧက(၂၂)သိန်းကျော် ချထားပေးခဲ့သော်လည်း လက်တွေ့အသုံးချလုပ်ကိုင်နိုင်မှုမှာ (၂၉)ရာခိုင်နှုန်းခန့်သာ ဆောင်ရွက်ခဲ့သဖြင့် ၂၀၁၆ခုနှစ်တွင် စစ်ဆေးမှုများပြုလုပ်ပြီး လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ခြင်း မရှိသည့်မြေများကို နိုင်ငံတော်က ပြန်လည်သိမ်းဆည်းမှုများ ဆောင်ရွက်နေကြောင်း၊ ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ ပြဌာန်းပြီးနောက်ပိုင်း လုပ်ပိုင်ခွင့် အသုံးပြုခွင့်ပေးထားခဲ့သည့် ဧရိယာ ဧက(၃ ဒသမ ၉)သိန်းခန့် အပေါ်ရှိ လုပ်ငန်းအကောင်အထည်ဖော်ရန် ခွင့်ပြုထားသည့် သတ်မှတ်ကာလပြည့်မြောက်ပြီဖြစ်သည့် ဧရိယာများကိုလည်း  မူလလျှောက်ထားစဉ်က တင်ပြထားသည့် လုပ်ငန်းများကို စည်းကမ်းချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မှု ရှိ/ မရှိ စိစစ်အရေးယူဆောင်ရွက်ရန် တည်ဆဲဥပဒေစည်းမျဉ်းစဉ်းကမ်းများအတိုင်း အထူးအဖွဲ့များ ဖွဲ့စည်းပြီး တိကျစွာစစ်ဆေးဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ ၂၀၁၇-၁၈ခုနှစ်မှ ၂၀၂၁-၂၂ ခုနှစ်အထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိထားသူများ ပေးသွင်းရန် ကျန်ရှိနေသည့် မြေခွန်များကို မြန်မာ့ စီးပွားရေးဘဏ်သို့ ပေးသွင်းနိုင်ရေး ကိစ္စရပ်များကိုလည်း အမြန်ဆုံး ဆောင်ရွက်ကြရန်လိုကြောင်းဖြင့်  ဆွေးနွေးပြောကြားသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများကို အစည်းအဝေးတက်ရောက်သူများက လုပ်ငန်းတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ကြခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)