မော်လမြိုင်၌ ငါးသယံဇာတထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်၌ ငါးသယံဇာတထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ



MNP - ဧပြီ   ၂၆

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ငါးမျိုးပြုန်းတီးမှုကာကွယ်ရေးနှင့် ငါးသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် မော်လမြိုင်ခရိုင် အတွင်းရှိ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံမြို့နယ်များရှိ တင်ဒါပိုက်ချက် လုပ်ငန်းရှင်များအား ငါးသယံဇာတ ထိန်းသိမ်းနိုင်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ကျင်းပဆောင်ရွက်ခဲ့ကြောင်း   သိရသည်။

ဟောပြောပွဲတွင် မော်လမြိုင်ခရိုင် ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးလှမင်းဇော်က တားမြစ်ကာလ (မေ/ဇွန်/ဇူလိုင်)လအတွင်း ငါးရစ်၊ငါးသန် ရာသီ၌ ငါးများအား မဖမ်းဆီးရေး၊ တားမြစ်ထားသော ၁ လက်မအောက်ပိုက်လွတ်နှင့် အဆိပ်ချနည်း၊ ဆေးချနည်း၊ ဘက်ထရီလျှော့တိုက် ငါးဖမ်းနည်းများဖြင့် ငါးများကို ဖမ်းဆီးခြင်းမပြုကြရေး၊ ဥကပ်ငါး/ပုစွန် များအား ဖမ်းဆီးခြင်း မပြုကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ငါးသယံဇာတများ ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်း စာစောင်များပို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ ဝန်ထမ်းများ၊ တင်ဒါ‌အောင်မြင်သော ငါးလုပ်ငန်းရှင် ၂၀ ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)