အွန်လိုင်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် ပုသိမ်ကြီးမြို့ Forever Young အသင်းက ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အွန်လိုင်းတိုက်ကွမ်ဒိုပြိုင်ပွဲတွင် ပုသိမ်ကြီးမြို့ Forever Young အသင်းက ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိ



MNP - ဧပြီ   ၂၆

၂၀၂၂ခုနှစ် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် 1st Myanmar Open International Taekwondo Online Championships ပြိုင်ပွဲအား ဧပြီ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပရာ နိုင်ငံပေါင်း (၂၀) မှ ပြိုင်ပွဲဝင် (၄၇၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံ ကလပ်အသင်း (၁၅) သင်းမှ ပြိုင်ပွဲဝင် (၁၉၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် Forever Young ကလပ်အသင်းက ရွှေတံဆိပ် (၃) ဆု၊ ငွေတံဆိပ် (၃) ဆု၊ ကြေးတံဆိပ် (၄) ဆု ရရှိခဲ့ကြသည်။

ပုသိမ်ကြီးမြို့နယ် Forever Young ကလပ်အသင်းမှ (၁၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ မောင်ချစ်မင်းခန့်က (Poomsae) ကမ္ဘာတွင် ရွှေတံဆိပ်ဆု၊ မအေးအေးအောင်က (Speed Kicking) ကမ္ဘာတွင် ရွှေတံဆိပ်ဆု၊ မစွမ်းဝင့်ထက်နှင့် မတော်ဝင်ထက် အတွဲက (Poomsae Family Puir) ကဏ္ဍတွင် ရွှေတံဆိပ်ဆု၊ မအေးမြသီရိကျော်က (Poomsae Individual) ကဏ္ဍတွင် ငွေတံဆိပ်ဆု၊ မမာလာခိုင်က (Poomsae Individual) ကဏ္ဍတွင် ငွေတံဆိပ်ဆု၊ မထက်အိန္ဒြနှင့် မထက်အိန္ဒြာအတွဲက (Poomsae Family Pair) ကမ္ဘာတွင် ငွေတံဆိပ်ဆု၊ ဦးကျော်သူလွင်၊ မောင်ရဲထွဋ်အောင် အတွဲက (Family Pair) ကမ္ဘာတွင် ကြေးတံဆိပ်ဆု၊ မောင်ကျော်ဇင်ဝင်းက (Poomsae Individual) ကမ္ဘာတွင် ကြေးတံဆိပ်ဆု၊ မအေးမြတ်မိုးက (Poomsae Individual) ကမ္ဘာတွင် ကြေးတံဆိပ်ဆု၊ မထက်ထက်မွန်က (Poomsae Individual) ကမ္ဘာတွင် ကြေးတံဆိပ်ဆုများ အသီးသီးရရှိခဲ့ကြောင်း ပုသိမ်ကြီး Forever Young ကလပ်အသင်း နည်းပြဆရာ ဦးကျော်သူလွင်ထံမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)