ပြင်စလူမြို့၌ Book Club အဖွင့်ဝင်များနှင့် လက်တစ်ကမ်းမှ ရွှေနည်းလမ်းများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်စလူမြို့၌ Book Club အဖွင့်ဝင်များနှင့် လက်တစ်ကမ်းမှ ရွှေနည်းလမ်းများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ


MNP - ဧပြီ    ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် Book Club အဖွဲ့ဝင်များက လက်တစ်ကမ်းမှ ရွှေနည်းလမ်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁နာရီအချိန်က ပြင်စလူမြို့ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်း မ၌ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်အိအိမွန်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များပြောကြားခဲ့ပြီး စာအုပ်ပါ ခေါင်းစဉ် အချို့ကို ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ဦးကျော်စိုးမိုး  (Book Club) အဖွဲ့ဝင်ကလက်တစ် ကမ်းမှရွှေနည်းလမ်းများာအုပ်ထဲမှ မျိုးသန့်စိုက်မှ စပါးအထွက်ပိုမည် (၁)ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် "မျိုးစေ့မမှန် ပင်မသန်ဖူးတံ ငုံကင်း အသီးဖျင်း ဆိုစကားရှိပါတယ်၊ မျိုးစေ့မမှန်တဲ့ စပါးခင်းများ ဟာအပင်အရပ်အနိမ့် အမြင့်မညီ ညာပါဘူး။ မျိုးရောနေသဖြင့်အခင်း မညီညာပဲအနှံထွက်မှုလည်း မတူညီနိင်တာကြောင့် နောက်ဆုံး အထွက်နှုန်းကို ထိခိုက်စေပါတယ်။ မျိုးသန့်စပါးဆိုတာ စနစ်တကျထိန်းသိမ်း ထုတ်လုပ်ထားပြီး စိုက်ပျိုးရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မျိုးစပါးလို့ခေါ်ပြီး ဈေးနှုန်းမှာလည်းမျိုးသန့် ဈေးပေးဝယ်ရပါတယ်။ မျိုးကောင်းမျိုးသန့် မျိုးစေ့ကို စိုက်ပျိုးမှသာ စပါးသီးနှံ တစ်ဧက သတ်မှတ်ချက် ပန်းတိုင်တင်း (၁၀၀)ထွက် ပါမယ်။ မျိုးသန့်စိုက်ပျိုးဖြင့် မူလဗီဇ အရည်အသွေးကို ထိန်းသိမ်း ထားနိင်ပါတယ်။ အပင်ပေါက်နှုန်း ကောင်းမွန်ညီညာ၍ ကြီးထွားမှု မြန်ဆန်ပါတယ်။ ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ်ကို ပိုမိုခံနိင်ရည်ရှိပြီးပေါင်းမြက်ကင်းစင် ပိုးမွှားရောဂါကင်းရှင်းကာ ရင်းမှည့်မှုညီညာပါတယ်။ ရိတ်သိမ်းချိန်တွင် အလေအလွင့်နည်းပါးပြီး အခြားသော စပါးမျိုးကွဲများ မပါဝင်ပဲ စပါးစေ့ အရွယ်အစားညီညာ၍ဆန်အရည် အသွေးနှင့်ဆန် အထွက်နှုန်း ကောင်းမွန်လာမှာဖြစ်ကြောင်း"ဆွေးနွေးခဲ့သည်။

Book Club အဖွဲ့ဝင် ဦးအောင်အောင်ကလည်းမျိုးသန့်စိုက်မှစပါး အထွက်ပိုမည် (၂)ခေါင်းစဉ်ဖြင့် စပါးမျိုးသန့် မျိုးစေ့ရရှိအောင်စိုက် ပျိုးထုတ်လုပ်မှုသည် တောင်သူ လယ်သမားများ ၊ သမားရိုးကျနည်း ဖြင့်စားသုံးရန်၊ သီးနှံစေ့ ထုတ်လုပ်စိုက်ပျိုးတာနှင့်မတူဘဲ စနစ်တကျ၊ ဂရုတစိုက်မြေရွေးချယ် ပြုပြင်သည်မှ ရိတ်သိမ်းသည်အထိ သီးခြား ဆောင်ရွက်ရကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူများက ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုခြင်းဖြင့်စပါးအထွက် ပိုလာမှာဖြစ်ပါကြောင်းစစည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေး ခဲ့ကြောင်းသိရပါသည်။

သတင်း - ယောဧရာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)