ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ကာကွယ်ဆေး(၂)ကြိမ်ပြည့်ထိုးနှံပြီးသူများအား Booster doses ထပ်ဆောင်းအကြိမ်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ကာကွယ်ဆေး(၂)ကြိမ်ပြည့်ထိုးနှံပြီးသူများအား Booster doses ထပ်ဆောင်းအကြိမ်ထိုးနှံပေး

MNP - ဧပြီ   ၂၅

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့တွင်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့်ရောဂါပိုးကူးစက်ပြန့်ပွါးမှုကိုသက်သာလျော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို သက်ဆိုင်ရာစုရပ်များအလိုက် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိအကြောင်းအမျိုးမျိုးကြောင့်ဆေးထိုးရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက်ဒေသခံပြည်သူများကိုလည်းကာကွယ်ဆေးရရှိမှုပေါ်မူတည်၍ ထိုးနှံပေးလျက်ရှိသည်။ယနေ့နံနက် ၈ နာရီက ပေါက်ခေါင်းမြို့လေးမျက်နှာဇာတ်ရုံတွင်ကိုဗစ်-၁၉ ကာကွယ် ဆေး (၂)ကြိမ်ပြည့်ထိုးနှံပြီး (၆)လပြည့်ပြီးသူ ပြည်သူများကို ထပ်ဆောင်းကာကွယ်ဆေး Boosterdoses ကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အိန္ဒိယနိုင်ငံထုတ် (Covishield) အမျိုးအစား ကိုဗစ် ကာကွယ် ဆေးကို ပြည်သူ (၃၃၀)ဦးအား လမ်းညွှန်ချက်များနှင့်အညီထိုးနှံပေးခဲ့ကြောင်းသိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ် 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)