ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်အေရိုးဗစ်သင်တန်းဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်အေရိုးဗစ်သင်တန်းဖွင့်လှစ်သင်ကြား



MNP - ဧပြီ   ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်းကာ Community Centre ခန်းမတွင် အေရိုးဗစ်သင်တန်းကို ယမန်နေ့ နံနက် ၈ နာရီတွင်စတင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်ဆွေအေးက နေ့စဉ်ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းဖြင့် ရရှိမည့်ကျန်းမာရေးအကျိုးကျေးဇူးများကို သင်တန်းတက်ရောက်သူများအား ရှင်းလင်းပြောကြားပြီး ပြန်/ဆက်ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားကြောင်းသိရသည်။

သင်တန်းသို့ သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှအားကစား စိတ်ပါဝင်စားသည့် လူငယ်(၁၁)ဦး တက်ရောက်သင်ကြားကြပြီး၊ အား/ကာဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေအေး ဦးဆောင်၍ သွေးပူ၊ အကြောလျှော့ ကာယလေ့ကျင့်ခန်းမှစတင်၍ အေရိုးဗစ်လေ့ကျင့်ခန်း၊ ကကွက်နည်းစနစ်များကို စနစ်တကျသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဧပြီ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ၁၂ နာရီအထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် လူငယ်များနွေရာသီ အားလပ်ရက်တွင် ကျန်းမာပျော်ရွှင်ပြီး ဗဟုသုတတိုးပွားစေရန်အတွက် ယခုကဲ့သို့ အေရိုးဗစ်အားကစားသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ရှေးဦးသူနာပြုစုနည်းသင်တန်း၊ မြန်မာ့ရိုးရာသိုင်းသင်တန်းစသည်တို့ကို ဖွင့်လှစ်ပို့ချရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း - စန္ဒာမိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)