ကော့သောင်းမြို့တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) Booster ထပ်ဆောင်း ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) Booster ထပ်ဆောင်း ထိုးနှံပေး




MNP - ဧပြီ   ၂၆

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် အသက်(၄၀)နှစ်နှင့်အထက် မြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို (တတိယအကြိမ်) Booster  ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ်ဖြစ်သည့် ကော့သောင်းမြို့၊ မဉ္ဇူသက ပြည်သူ့ ခန်းမ၌ ယနေ့ နံနက်ပိုင်းက  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး(တတိယအကြိမ်) ထပ်ဆောင်းထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး တတိယအကြိမ် ထပ်ဆောင်းထိုးနှံရာတွင် လွန်ခဲ့သည့်ခြောက်လအတွင်းက  အိန္ဒိယနိုင်ငံထုတ်ကိုဗစ်ရှီးဆေး အမျိုးအစားနှစ်ကြိမ် ထိုးနှံပြီးထားသူများကို  ထပ်မံ၍ ကိုဗစ်စင်(Covaxin)ဆေးအား ထိုးနှံပေးခြင်းဖြစ်ပြီး၊ တရုပ်နိုင်ငံထုတ် ဆိုင်နိုဖန်ဆေး အမျိုးအစား နှစ်ကြိမ်ထိုးနှံပြီးထားသူများကိုမှု အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီးဆေး အမျိုးအစားကို တတိယအကြိမ်အဖြစ် အသီးသီးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

တတိယအကြိမ်ကာကွယ်ဆေးဘိုစတာ ထပ်ဆောင်ထိုးနှံမှုလုပ်ငန်းများကို ဒုတိယကြိမ်ဆေးထိုးနှံပြီးသူ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ အသက်(၅၀)နှစ်နှင့် အထက် ပြည်သူများအား ဦးစားပေးထိုးနှံပေးအပြီး ယခုအသက်(၄၀)နှစ်နှင့်အထက် မြို့နေပြည်သူများ ကို အစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

သတင်း - ကျော်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)