ကျောက်တံတားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန community center၌ မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တံတားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန community center၌ မီးဘေးလုံခြုံရေး အသိပညာပေး Talk Show ပြုလုပ်



MNP - ဧပြီ   ၂၇

ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဌာန (community center)၌ ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က မီးဘေးလုံခြုံရေးအသိပညာပေး Talk Show ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ‌ဒုတိယဦးစီးမှူးဒေါ်အေးမြကြည်က ပြည်သူများ အသိပညာဗဟုသုတတွေ ရရှိစေရန်အတွက် ယခုလိုTalk Show များပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတပ်ကြပ် ဦးဗန်တထောင်က ယခုလိုပူပြင်းတဲ့‌ နွေရာသီမှာမီးဘေးလုံခြုံရေးနှင့် ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သော ရည်မှန်းချက် တာဝန်(၄)ရပ်ကို အကျယ်တဝင့်ရှင်းလင်းခြင်း၊ မီးငြှိမ်းသတ်ရေး လုပ်ငန်းစဉ်များတွင် သင့်(၄)သင့်နှင့်အညီ အမြန်ပြင်ဆင် ဆောင်ရွက်ထားခြင်း၊ မီးဘေးလုံခြုံရေးနှင့်ပတ်သက်ပြီး ပြည်သူလူထုအနေနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှု ဖြစ်ပေါ်စေသည့် အကြောင်းအရာများစသည်တို့ကို အသေးစိတ်ရှင်းလင်း ပြောကြားဆွေးနွေးခဲ့ကြောင်း သိရ သည်။

သတင်း - ရွှေဇင်ခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)