MNP - ဧပြီ ၂၉
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Center ၌ အင်္ဂလိပ် စာစွမ်းရည် ပြိုင်ပွဲနှင့် လူငယ်နှင့် မူးယစ်ဆေး၊ စာစီစာကုံးပြိုင်ပွဲကို ယနေ့နေ့လယ် (၁)နာရီက ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာသည့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ ဗဟုသုတများ သိရှိနားလည်ပြီး၊ အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သည့် ဘက်စုံထူးချွန်သော လူရည်မွန်၊ လူရည်ချွန်များ ဖြစ်လာစေရန်၊ တစ်ချိန်တွင် နိုင်ငံတော်က အားထားရမည့် လူချွန်၊ လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပရာ ဗဟန်းမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသားကျောင်သူ (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
ရှေးဦးစွာရန်ကုန်အနောက်ပိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ၊ လူငယ်နှင့် မူးယစ်ဆေး စာစီစာကုံးပြိုင်ပွဲနှင့် ပတ်သက်သည့် သိကောင်းစရာ အသိပညာများကို ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲများကို ကျင်းပရာ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် လူငယ်နှင့်မူးယစ်ဆေး စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး အသီးသီး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေး၊ အိုင်ကားဂျာနယ်၊ အယ်ဒီတာချုပ် စာရေးဆရာဝင်းနွယ် (ပုသိမ်) နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း - အောင်မြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment