နတ်တလင်းမြို့နယ် Community Centre ခန်းမတွင် လူငယ်နှင့်အားကစား အသိပညာပေးTalk Show ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်တလင်းမြို့နယ် Community Centre ခန်းမတွင် လူငယ်နှင့်အားကစား အသိပညာပေးTalk Show ဆောင်ရွက်



 

MNP -   ဧပြီ    ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က လူငယ်နှင့် အားကစား  အသိပညာပေး  Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်နှင့်အားကစားအသိပညာ‌ပေးTalk Show  ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သိလိုသည်များကို မေးမြန်ရာ နတ်တလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ဝင်းသီရိလှိုင်က လူငယ်လူရွယ်များ အားကစားလှုပ်ရှားမှု ကျဆင်းလာရခြင်းအကြောင်း၊ အားကစားအမျိုးအစားများ၊ အားကစားရဲ့အဓိပ္ပယ်၊ အားကစားရဲ့အရေးပါမှုအခန်းကဏ္ဍများ၊ အားကစားကိုလေ့လာ လိုက်စားခြင်း ဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့်ပက်သက်သည့် အကြောင်းအရာများကို ‌ဆွေးနွေး ခဲ့ကြသည်။

ထိုသို့ Onlineစနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အလှည့်ကျ စီစဉ်တင်ဆက်သွား မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဝေယံဖြို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)