မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP - ဧပြီ     ၂

မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးအခန်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဇနီး ဒေါ်ဝင်းဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိုးပပက အမှာစကားပြောကြားရာ အမျိုးသမီးများအား အကြမ်းဖက်မှု လျော့နည်းရေး အတွက် အသိပညာပေးဟောပြောပွဲများ ပြုလုပ်ရန်၊ အမျိုးသမီးများ ဘဝမြင့်တင်ရေးအတွက် အသက် မွေးဝမ်းကြောင်းသင်တန်းများ ပြုလုပ်ဆောင်ရွက်ရန်နှင့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန် အခက်အခဲများရှိပါက ဆွေးနွေးတင်ပြရန် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ အမျိုးသမီးရေးရာအဖွဲ့ဥကဋ္ဌနှင့်အဖွဲ့ဝင်များက မိမိတို့မြို့နယ်အတွင်း အသိပညာပေး ဟောပြောပွဲ  ဆောင်ရွက်မှုအခြေအနေများ၊ Mask Campain များတွင် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် အသက်မွေးဝမ်းကြောင်းသင်တန်းများ ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဇနီးဒေါ်ဝင်းဝင်းမြင့် နှင့် အစိုးရအဖွဲ့ ဝန်ကြီးဇနီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)