MNP - ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ယခုနှစ်အတွင်း ဈေးကွက်ဝင် နွေနှမ်း သီးနှံ စိုက်ပျိုးရာတွင် သဖန်းဆိပ် ဆည်ရေသောက် ဧကများတွင် နွေနှမ်းစိုက်ပျိုးရန် ရာထား ဧက ၄၃၀၀၀ သတ်မှတ်ခဲ့ရာတွင် ယနေ့ အထိ ၄၃၂၀၀ စိုက်ပျိုးပြီး ဖြစ်သဖြင့် ရာထား ဧက ၉၆ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ပြီး ရာသီးကုန်တွင် ရာထားသတ်မှတ် ဧကထက်ကျော်လွန် စိုက်ပျိုး နိုင်မည် ဖြစ်ကြောင်းကို ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်၏ ပြောကြားချက်အရ သိရသည်။
ဝက်လက်မြို့နယ်အတွင်းရှိ တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ် ကုန်ကျသက်သာပြီး ဈေးကောင်းရရှိသော နှမ်းသီးနှံကို အားထား စိုက်ပျိုးကြပြီး စိုက်ပျိုးရေးဦးစီးဌာန သို့လည်း ဈေးကွက်ဝင် နှမ်းနက် မျိုးစေ့များ လာရောက်ချိတ်ဆက် ဝယ်ယူလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်လည်း နှမ်းသီးနှံ စိုက်ပျိုးမှုနှင့် ပတ်သတ်၍ နည်းပညာပေးခြင်း များကို ကွင်းဆင်းဆောင်ရွက်ပေးခြင်း လက်ကမ်း စာစောင်များကို တောင်သူများ လက်ဝယ် အရောက် ဖြန့်ဝေပေးခြင်နှင့် မျိုးကောင်း မျိုးသန့်များကို သက်ဆိုင်ရာ ခြံမျာနှင့် ကျယ်ကျယ် ပြန့်ပြန့် ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
သတင်း - စိုးစိုးလှိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment