ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန CommunityCentre ၌စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “ပျော်ရွှင်နိုင်ပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန CommunityCentre ၌စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “ပျော်ရွှင်နိုင်ပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ


MNP - ဧပြီ    ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)ရေးသားထားသည့် “ပျော်ရွှင်နိုင်ပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်အေးအေးဆင့်က စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူလေးများ စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်နှင့် ဖတ်ရှုသည့်အသက်အရွယ်အလိုက် စာပေဗဟုသုတတိုးပွါးရရှိပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာပေဝါသနာရှင်များက “ပျော်ရွှင်နိုင်ပါစေ” စာအုပ်ပါ ပျော်ရွှင်နိုင်ပါစေ၊ ပျော်ရွှင်မှုဟာ သင့်လက်ထဲမှာ၊ သူ၏စေတနာ စာစုများ ပါအကြောင်းအရာများကိုဖတ်ရှုဆွေးနွေးကြပြီး ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်မျှဝေ ဆွေးနွေးခဲ့ကြောင်းသိရသည်။

အေးအေးဆင့်(ပြန်/ဆက်)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)