MNP - ဧပြီ ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြု ဗဟိုဌာန Community Centre ရုံးခန်း၌ ကလေးငယ်များအား နွေရာသီကျောင်းပိတ် ရက်ကို အကျိုးရှိစွာအသုံးချတတ် စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင် မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီ ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်ခန့်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မို့က ပြိုင်ပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကလေးငယ်များမှ ၎င်းတို့၏ စိတ်ကူးစိတ်သန်းဖြင့် စိတ်ကြိုက်ပန်းချီ ပြိုင်ပွဲကိုစိတ်ဝင်တစားရေးဆွဲကြပြီး ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သူ ကလေးငယ်များအား အမှတ်တရ ဆုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - မြင့်သွယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment